“မနေ့ညက ရွာတဲ့ မိုးတောင် မ လောက်ကဗျာမဆန်ဘူး” ဆိုပြီး မမိုးကို စကားလုံးလှလှလေးတွေနဲ့ သိမ်းသွင်းလိုက်တဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံရဲ့ အလှမယ်လေးတစ်ဦးအဖြစ်ပရိသတ်တွေရင်ထဲမှာ ထာဝရ မင်းသမီးချောလေးဖြစ်တဲ့ မိုးဟေကို ကို အားလုံးသိကြမှာပါ။ ခပ်ဟော့ဟော့စတိုင်လေးတွေနဲ့ တိုင်းတစ်ပါးသူလေးလို ခေတ်ဆန်တဲ့ မမတစ်ယောက်ရဲ့ အလှနဲ့ ပြည့်စုံနေတဲ့ မိုးရဲ့ ပုံရိပ်တွေက ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ နတ်မိမယ်လေးတစ်ယောက်လို လှပတဲ့ အသွင်ရှိတဲ့ မိုးက ရုပ်ရှင် အနုပညာလောကမှာဆိုရင် သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးချောတစ်ဦးဖြစ်သလို ပရိသတ်တွေကို ရင်ထဲထိအောင် သရုပ်ဆောင်ပိုင်နိုင်တဲ့ သူတစ်ယောက်ပါ။

ချစ်စရာ‌ကောင်းတဲ့ မိုးနဲ့ အတူ ရင်ခုန်ချင်လောက်အောင် ဓာတ်ပုံလေးတွေတွဲရိုက်ထားတဲ့ မော်ဒယ်မင်းသားချောပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံတွေထိပါ အောင်မြင်နေတဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ အပြင် နှုတ်ခမ်းနီမလေးတွေကို အမြဲ အသည်းကလိ ကလိဖြစ်အောင် လုပ်တတ်သူတစ်ယောက်ပါ။ ယခုလည်း ဘယ်သူနဲ့ပဲ တွဲပြီး ရိုက်ရိုက် အရမ်းကို လိုက်ဖက်ညီလွန်းနေတဲ့ မော်ဒယ် မင်းသားချော ပိုင်တံခွန်က ယခုလည်း ပရိသတ်မလေးတွေ သဝန်တိုအောင် လုပ်လိုက်ပြန်ပါပြီနော်…။

“မနေ့ညက ရွာတဲ့ မိုးတောင် မ လောက် ကဗျာမဆန်ဘူး” ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ မိုးရဲ့ အလှကို တင်စားလိုက်ပြန်ပါပြီနော်။ အပြောကောင်းလွန်းတဲ့ ပိုင်တံခွန်ကြောင့် မိုးတစ်ယောက် ကြွေမိမှာတောင် ဆိုးရပါတယ်‌နော်။ လိုက်ဖက်ညီလွန်းတဲ့ ပိုင်တံခွန်နဲ့ မိုးတို့ရဲ့ ရိုးရှင်းတဲ့ ပုံရိပ်လေးတွေကို နှစ်ယောက်လုံးကို ချစ်တဲ့ CeleZone ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်‌….ချစ်ပရိသတ်ကြီးရေ။

Source:Paign Takhon

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



