ဒုတိယမြောက်ရင်သွေးလေးကို အောင်အောင်မြင်မြင်နဲ့ ထပ်မံမွေးဖွားခဲ့ပြီဖြစ်တဲ့ သင်ဇာနွယ်၀င်း
Posted on
ချစ်ရတဲ့ CeleZone ပရိသတ်တွေအတွက် မင်္ဂလာရှိတဲ့ သတင်းကောင်းလေးတစ်ခုကတော့ ပရိသတ်ချစ် မင်းသမီးချောလေး သင်ဇာနွယ်၀င်း ဟာဆိုရင် သူမရဲ့ ဒုတိယအမြောက်ရင်သွေးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားလိုက်နိုင်တယ်ဆိုတာပါပဲ။ လနဲ့ချီပြီး သမီးလေးကို ကိုယ်၀န်လွယ်ထားခဲ့ရတဲ့ မေမေသင်ဇာနွယ်၀င်းဟာအခုဆိုရင် သူမတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးထဲကို မိသားစု၀င်အသစ်လေးတစ်ယောက် တိုးပွားစေခဲ့ပြီပဲဖြစ်ပါတယ်။
သားလေး peachလေးတစ်ယောက်တည်းနဲ့ တင်ပရိသတ်တွေချစ်မ၀ဖြစ်နေခဲ့ရပြီးတော့ အခုလည်း ဒီချစ်စရာကောင်းတဲ့ သမီးချောလေးဟာ အားလုံးရဲ့ အသည်းကျော်လေးဖြစ်လာအုန်းမှာပါနော်။ ကလေးရော လူကြီးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာနိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေကလည်း ၀မ်းမြောက်၀မ်းသာဖြစ်နေရသလို ချစ်ခင်ပွန်းနဲ့ သားသားpeachလေးတို့ကလည်း အသစ်တိုးလာတဲ့ ချစ်စရာမိသားစု၀င်လေး‌ ဂျူနီယာသင်ဇာလေးကြောင့် ပျော်မဆုံးဖြစ်ခဲ့ရပါတယ်။
Victoria Hospitalမှာ သမီးလေးကို အောင်‌ေအာင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူမကို ပရိသတ်တွေနဲ့မိတ်ဆွေတွေကလည်း ဂုဏ်ယူ၀မ်းမြောက်ကြောင်းကို လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် အသီးသီး ပြောခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ အခုဆိုရင် ပရိသတ်တွေရဲ့အချစ်တော် သားသားpeachလေးဟာ ချစ်စရာကောင်းတဲ့ ညီမလေးအတွက် အကိုကြီးတစ်ယောက်လည်းဖြစ်သွားခဲ့ပါပြီ။ ကဲ… ဒီတော့ သားသား peach‌ေလးတစ်‌ေယာက် ရှေ့လျှောက် ညီမလေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်တဲ့ အကိုကြီးတစ်ယောက်ဖြစ်နေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်….
Source : Thinzar Nwewin
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)