ဖေဖေအောင်သူဘောလုံးကစားတာကိုကြည့်ပြီး သဘောတကျနဲ့ရယ်နေတဲ့ သားလေးရဲ့ ချစ်စဖွယ်ဗီဒီယိုလေးတွေ

Posted on

ပရိသတ်တွေရဲ့အချစ်တော်ဘေဘီလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့် တို့ရဲ့ ရင်နှစ်သည်းခြာလေး သွင်ဦးဟန်တစ်ယောက် ဖေဖေဘောလုံးကစားတာကို ကြည့်ပြီး သဘောတကျနဲ့ရယ်နေတဲ့ ဗီဒီယိုလေးကို မေမေပိုးအိအိခန့် က လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂီတသံစဉ်တွေ ထဲက တစ်ခုပါပဲ။

ချစ်ဖို့ကောင်းတဲ့သားလေးရဲ့ အရယ်အပြုံးတွေအောက်မှာ ဖေဖေမေမေတို့ရဲ့ ဘဝအမောတွေ အကြိမ်ကြိမ်အခါခါပြေခဲ့ရမှာ အသေအချာပါပဲ။ ဒီတစ်ခေါက်မှာလည်း မိသားစုတွေအတူတူ ငွေဆောင်ကိုအပျော်ခရီးထွက်ခဲ့ကြပြီး ဖေဖေက သားလေး ကိုချီကာ ဘောလုံးကစားနေခဲ့ပြီး သားလေးကလည်း ဖေဖေ့ကိုကြည့်ပြီး သဘောတကျနဲ့ကိုရယ်မောနေတာပါ။

မေမေချီထားတဲ့လက်ပေါ်မှာလည်း ဖေဖေက တစ်ဖက်က ဘောလုံးကစားပြနေတာကို ရယ်မောနေပုံလေးက ပြေးဖက် နမ်းချင်စရာတောင်ကောင်းလွန်းနေပါတယ်။ ချစ်ဖို့ကောင်းပြီး မျက်နှာချိုတဲ့ သားလေးသွင်ဦးဟန်ရဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြားမှာအတော်လေး ရေပန်းစားပြီး သဘောကျတဲ့သူတွေလည်းအများအပြားပဲမို့ တင်ဆက်ပေးလိုက်တယ် နော်။

Video / Photo – Aung Thu / Poe Ei Ei Khant
ံHappy – CeleZone

( ဇော်ဂျီဖြင့်ဖတ်ရန် )

” ေဖေဖေအာင္သူေဘာလုံးကစားတာကိုၾကည့္ၿပီး သေဘာတက်နဲ႔ရယ္ေနတဲ့ သားေလးရဲ႕ ခ်စ္စဖြယ္ဗီဒီယိုေလးေတြ ”

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေဘဘီေလးေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေအာင္သူနဲ႔ ပိုးအိအိခန႔္ တို႔ရဲ႕ ရင္ႏွစ္သည္းျခာေလး သြင္ဦးဟန္တစ္ေယာက္ ေဖေဖေဘာလုံးကစားတာကို ၾကည့္ၿပီး သေဘာတက်နဲ႔ရယ္ေနတဲ့ ဗီဒီယိုေလးကို ေမေမပိုးအိအိခန႔္က လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။ ကေလးေတြရဲ႕ ခိုးခိုးခစ္ခစ္ရယ္သံဟာ ကမာၻေပၚမွာ အေကာင္းဆုံး ဂီတသံစဥ္ေတြထဲက တစ္ခုပါပဲ။

ခ်စ္ဖို႔ေကာင္းတဲ့သားေလးရဲ႕ အရယ္အၿပဳံးေတြေအာက္မွာ ေဖေဖေမေမတို႔ရဲ႕ ဘဝအေမာေတြ အၾကိမ္ၾကိမ္အခါခါေျပခဲ့ရမွာ အေသအခ်ာပါပဲ။ ဒီတစ္ေခါက္မွာလည္း မိသားစုေတြအတူတူ ေငြေဆာင္ကိုအေပ်ာ္ခရီးထြက္ခဲ့ၾကျပီး ေဖေဖက သားေလးကို ခ်ီကာ ေဘာလံုးကစားေနခဲ့ျပီး သားေလးကလည္း ေဖေဖ့ကိုၾကည့္ျပီး သေဘာတက်နဲ႔ကိုရယ္ေမာေနတာပါ။

ေမေမခ်ီထားတဲ့လက္ေပၚမွာလည္း ေဖေဖက တစ္ဖက္က ေဘာလံုးကစားျပေနတာကို ရယ္ေမာေနပံုေလးက ေျပးဖက္နမ္းခ်င္ စရာေတာင္ေကာင္းလြန္းေနပါတယ္။ ခ်စ္ဖို႔ေကာင္းျပီး မ်က္ႏွာခ်ိဳတဲ့ သားေလးသြင္ဦးဟန္ရဲ႕ ဗီဒီယိုေလးဟာ ပရိသတ္ေတြ ၾကားမွာအေတာ္ေလး ေရပန္းစားျပီး သေဘာက်တဲ့သူေတြလည္းအမ်ားအျပားပဲမို႔ တင္ဆက္ေပးလိုက္တယ္ေနာ္။

Video / Photo – Aung Thu / Poe Ei Ei Khant
ံHappy – CeleZone