ဘောလိဝုဒ်သီချင်းလေးနဲ့ နှစ်ယောက်သား အပြတ်တွေရိုနေတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ရဲ့ Tik Tok ဗီဒီယို

Posted on

အမြဲတမ်း နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ချစ်စရာသူငယ်ချင်းသုံးယောက်ကတော့ ပရိသတ်တွေကိုပျော်ရွှင် ရအောင် ဖန်တီးပေးတတ်သူတွေလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ တော့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့နှစ်ယောက် သား ဘောလိဝုဒ်သီချင်းလေးနဲ့ အရမ်းတွေ ရိုဆန်တဲ့ ပုံစံလေးနဲ့ Tik Tok ဗီဒီယိုလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ထုံးစံအတိုင်းနောက်တတ်တဲ့ ကျော်ကျော်က ဆုမြတ်နိုးဦးကို လိုက်စနောက်ရင်း ချစ်စရာ ကောင်းတဲ့ ပုံစံလေးရိုက်ကူးထား တာပဲဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အပျော်တတ်ဆုံး ကျော်ကျော်ကတော့ အမြဲလိုလို အစအနောက်သန်ပြီး သူငယ်ချင်းတွေကို လည်း သူပဲအမြဲလိုလို စနောက်နေသူတစ်ယောက်ပါပဲ။

ဒီတစ်ခေါက်လည်း နှစ်ယောက်သားရဲ့ဗီဒီယိုလေးကို ” လာပြန်ပီနော် မျောက်မူးလဲနဲ့ယင်မနားစိန် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ နာမည်ပေးတော်ချက်ကတော့ စံထားလောက်စရာပဲနော်။ ထိုင်နေတဲ့ ဆုမြတ်နိုးဦးကို အမျိုးမျိုးစနောက်ပြီး ဘောလိဝုဒ်မင်းသားအိုက်တင်နဲ့ သရုပ်ပြနေတဲ့ ကျော်ကျော့်စတိုင်ကတော့ တကယ်ကိုမိလွန်းပါတယ်။

Photo – N-H-K ဗရမ်းပတာ ဘီအက်ဖ်အက်ဖ်များ
ံHappy – CeleZone

( ဇော်ဂျီဖြင့်ဖတ်ရန် )





ံHappy – CeleZone