ကြည်နူးစရာမိသားစုခရီးလေးမှာ သားလေးကိုပွေ့ဖက်ပြီး အပျော်ကြီးပျော်နေခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

Posted on

ရွှေမင်းသမီးလေးနဲ့ ဘောလုံးသမားတို့ရဲ့ကြည်နူးစရာအချစ်ဇာတ်လမ်းလေးရဲ့ ဇာတ်ပေါင်းခန်းမှာတော့ ချစ်စရာသားလေး သွင်ဦးဟန်လေးက ရောက်ရှိလာခဲ့ပါတယ်။ မျက်နှာချိုပြီး ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ် နေရတဲ့ ကလေးလေးဟာ လသားအရွယ်လေးပဲ ရှိသေးပေမယ့် အရမ်းကိုချစ်ဖို့ကောင်းပြီး မေမေ့ကိုလည်း စကားတွေ ပြောနေတဲ့ ဗီဒီယိုလေးဟာ အတော်လေးချစ်ဖို့ကောင်းလွန်းပါတယ်။

ဝဝကစ်ကစ် ပြည့်ပြည့်ဖောင်းဖောင်း ကလေးလေးဟာ ဖေဖေမေမေတို့ရဲ့အချစ်တွေသာမက ပရိသတ်တွေရဲ့နှလုံးသားတွေ ကိုပါ ခြွေယူသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာတော့ ဖေဖေမေမေတို့နဲ့အတူ သားလေးက ငွေဆောင်ကမ်းခြေကိုခရီးထွက်လာခဲ့ပြီး ပျော်စရာအတိနဲ့ မိသားစုခရီးလေးဟာ ကြည်နူးစရာတွေအပြည့်နဲ့ပါ။

မိသားစုသုံးယောက်အတူရိုက်ကူးထားတဲ့ ပုံရိပ်လေးကို မေမေပိုးအိအိခန့်က ” Our Family ” ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ အပျော်တွေအပြည့်နဲ့ မေမေ့ရဲ့ကြည်နူးစရာအပြုံးလေးနဲ့ ပီတိတွေအပြည့်နဲ့ ဖေဖေ့ရဲ့အပြုံးတွေဟာ သားလေးအပေါ် ထားတဲ့မေတ္တာတွေ အပြည့်အဝပါပဲ။ ဖဖေရယ် မေမေရယ် သားလေးရယ်နဲ့ကြည်နူးစရာမိသားစုလေး သက်ဆုံးတိုင် သာယာပျော်ရွှင် ချမ်းမြေ့ပါစေနော်။

Photo – Poe Ei Ei Khant
ံHappy – CeleZone

( ဇော်ဂျီဖြင့်ဖတ်ရန် )





Photo – Poe Ei Ei Khant
ံHappy – CeleZone