အလန်းစားTik Tokလေးတစ်ခုကို စိုင်းစိုင်းနဲ့အတူ မကစားစဖူးကစားထားတဲ့ သန္တာဗိုရဲ့ ဗီဒီယို ရုပ်/သံ
Posted on
အတိုင်းအတာတစ်ခုထိအောင်မြင်မှုတွေကို ရရှိထားတဲ့ မော်ဒယ် သရုပ်ဆောင်မလေး သန္တာဗိုဟာ ခေတ်စားနေတဲ့ Tik Tokလေးတစ်ခုကို မကစားစဖူး အဆိုတော်စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ ကစားခဲ့ပါတယ်။ သူမဟာ Tik Tokလေးတွေကို ကစားရတာအရမ်းလည်း ဝါသနာပါသူလေးဖြစ်ပြီးတော့ အခုလည်း စိုင်းစိုင်းနဲ့ အတူ မထင်မှတ်ဘဲ ကစားမိသွားတာပဲဖြစ်ပါတယ်။
မော်ဒယ်လောကကနေ ရုပ်ရှင်သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတဲ့ သူမဟာ အရမ်းလည်းကြိုးစားသလို ပရိသတ်တွေပေးတဲ့ နေရာတစ်ခုကိုလည်းထိုက်တန်စွာရရှိနေပြီပဲဖြစ်ပါတယ်။ နှလုံးသားရေးမှာဆိုရင်လည်း သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့အတူတူ ပရိသတ်‌ေတွအားကျရတဲ့ idol relationshipလေးတစ်ခုကို ပိုင်ဆိုင်ထားရပါတယ်။ သူမဟာ သရုပ်ဆောင်ရတာကို အရမ်းပဲ ဝါသနာထုံသူလေးဖြစ်တာကြောင့် အားလပ်ချိန်တွေမှာ Tik Tokလေးတွေကစားပြီး သရုပ်ဆောင်လေ့ကျင့်လေ့ရှိပါတယ်။
အခုတစ်ခါမှာလည်း နှုတ်ခမ်းနီ‌မလေးတွေရဲ့ အသည်းစွဲ စိုင်းစိုင်းနဲ့အတူ စိုင်းစိုင်းရဲ့သီချင်းဖြစ်တဲ့ ဘာမှဆက်မဖြစ်ဘူး ဆိုတဲ့သီချင်းလေးကို အတူတူ သရုပ်ဆောင်ပြီး Tik Tokဆော့ခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြားမှာလည်း ရေပန်းစားလျက်ရှိပြီးတော့ ကြည့်ရှုတဲ့ ပရိသတ်တွေနဲ့ များပြားလို့နေခဲ့ပါတယ်။ ကဲ… နှစ်ယောက်သား တွဲဖက်ညီညီနဲ့ သရုပ်ဆောင်ရင်း ကစားထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သန္တာဗိုတို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thandar Bo’s Tik Tok
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)