ညီမလေးမရခင်ကတည်းက တစ်ယောက်တည်းတောင် ကုတင်လုနေရတဲ့ Peachလေး

တစ်ချိန်ကအနုပညာလောကထဲမှာ အောင်မြင်မှုမှတ်တိုင်လေးတွေကိုစိုက်ထူထားနိုင်ခဲ့ပြီးတော့ ပရိတ်သတ်တွေအားပေးမှုအခိုင်အမာရရှိထားခဲ့တဲ့ လူငယ် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကို မသိတဲ့သူမရှိပါဘူးနော်။ ပရိတ်သတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ သူမဟာ လျှာဖျားသေးသေးလေးနဲ့ စကားလေးတွေကိုတီတီတာတာပြောတတ်တာကြောင့် အသည်းယားပြီးအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာတော့ သူမဟာ အိမ်ထောင်ရှင်မလေးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လိုအနုပညာအလုပ်တွေကို ဇောက်ချမလုပ်နိုင်တော့ပါဘူးနော်။ဒါပေမယ့် သူမဟာ ပရိတ်သတ်တွေကတောင် အားကျနေရတဲ့ သာယာအေးချမ်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားပါတယ်နော်။ ဒါ့အပြင် သူမကိုအရမ်းချစ် အရမ်းဂရုစိုက်ပေးတဲ့ ချစ်ခင်ပွန်းနဲ့ သူမရဲ့ အသက်လောက်ချစ်ရတဲ့ သားသားPeachလေးကိုပိုင်ဆိုင်ခွင့်ရထားတဲ့ သူလေးတစ်ယောက်ပါနော်။

ဒါပေမယ့်မကြာခင်အချိန်အတွင်းမှာပဲ သူမဟာ သမီးလေးတစ်ယောက်ထပ်မံပိုင်ဆိုင်ခွင့်ရတော့မယ့် မိခင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ မီးမီးလေး လူ့လောကထဲကို ရောက်မလာသေးခင် တစ်ယောက်တည်းတောင် ကုတင်လုရင်း ဆော့လို့မဝဖြစ်နေတဲ့ သားသားPeachလေးကို ကြည့်ရင်းနဲ့ သမီးလေးသာမွေးလာရင်ဘယ်လိုနေမလဲဆိုပြီးတွေးကာ ကြည်နူးမဆုံးဖြစ်လို့နေပါတယ်နော်။ ကဲ… ညီမလေးမရခင်တောင် ပရိသတ်တွေရဲ့အချစ်တော် Peachလေးတစ်ယောက် ဘယ်လိုတောင်ကုတင်လုနေတာလဲဆိုတာကို ဗီဒီယိုလေးကြည့်ပြီး အသည်းယား အချစ်ပိုလိုက်ကြပါအုန်း… CeleZoneပရိသတ်တို့ရေ…။

Source:Thinzar Nwewin

NORA-CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



