ထင်မှတ်မထားတဲ့ The Mask Singer Myanmar ရဲ့ ဇီးကွက်မလေး ဟန်တီ

Posted on

ဒီတစ်ပတ် The Mask Singer ပွဲကြီးရဲ့ Group B မှမျက်နှာဖုံးချွတ်လိုက်ရတဲ့ ဇီးကွက်ဖြူမလေး ကတော့ အမျိုးသားထု ပရိသတ်ကြီး အသည်းစွဲမော်ဒယ်မလေး ဟန်တီဖြစ်ပါတယ်။ ဇီးကွက်မလေး ဟန်တီက ကေကေမိုးရဲ့ ကျွန်မသီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့ပြီး သဲလွန်စအနေနဲ့ ကိုထွန်းထွန်း ပစ်ချထားတာ ခံခဲ့ဖူးကြောင်း ပြောဆိုခဲ့ပါတယ်။ မခိုင်လေးက ဝိုင်းလေး၊ ခင်ဝင့်ဝါ၊ ဟန်တီ၊ မိုးစက်ဝိုင်လို့ခန့်မှန်းထားခဲ့ပါတယ်။ ဇော်ဂျီကတော့ ထာဝခရီးသည် သီချင်းကို အပီအပြင် ဆိုသွားခဲ့ ပါတယ်။ သီဆိုမှုအပြီးမှာ ဆယ်လီစုံထောက်တွေရဲ့ မေးခွန်းတွေမလာခင် မှာဘဲ ဆယ်လီစုံထောက် နှစ်ယောက်ဖြစ်တဲ့ မခိုင်လေးနဲ့မိုင်လေးကို လုပ်ဖို့ရှိတယ်ဆိုပြီး ဖြေလိုက်တာပါ။ ဇော်ဂျီ မေးခွန်းတွေဖြေဆိုတဲ့အခါမှာ ဇော်ဂျီရဲ့ အဖြေထဲမှာ တော့ MTV အများကြီးရိုက်ကူးကြောင်း သဲလွန်စပေးလိုက်ပါတယ်။

ဇော်ဂျီကို ထွန်းထွန်းက အရပ်အမောင်း အခြေအနေအရ ဇွဲပြည့်လို့ ခန့်မှန်းပြီး၊ ရတနာမိုင်က တော့ အောင်လလို့ ခန့်မှန်း လိုက်ပါတယ်။ ဇော်ဂျီဟာ ဖြိုးပြည့်စုံဖြစ်တယ်လို့ ခန့်မှန်းပြီး ဆယ်လီ စုံထောက် ကြီး မခိုင်လေးကတော့ ထူးအယ်လင်းလို့ ခန့်မှန်းလိုက်ပါတယ်။ ခန့်မှန်းလိုက်ပါတယ်။ နီးခြင်း ဝေးခြင်းပညတ်များသီချင်းကို ဖျော်ဖြေသွားတဲ့ ငှက်ပျောသီးက တော့ သူ့ရဲ့ဟန်ပန်အမူအရာတွေကို မိုင်လေးက သိတယ်ဆိုတဲ့အကြောင်း၊ အနုပညာဂီတမျိုးရိုးရှိကြောင်း သဲလွန်စပေးခဲ့ ပါတယ်။

ငှက်ပျောသီး နောက်ကဆယ်လီကို ဦးအရိုင်းက ရေဗက္ကဝင်း၊ မခိုင်လေးက ဂျင်းနီ၊ ထွန်းထွန်းက အိုင်းရစ်ဇင်မာမြင့်နဲ့ မိုင်လေးက ပိုပိုဟေသာလို့ အသီးအသီးခန့်မှန်းခဲ့ကြပါတယ်။ ဒီနေ့ညမှာ ပရိသတ်တွေ စိတ်ဝင်စားမှု များပြားနေတဲ့ The Mask Singer ပွဲကြီးရဲ့ Group B မှ သီးမွှေး၊ ဇီးကွက် နဲ့ ဇော်ဂျီတို့ရဲ သီဆိုဖျော်ဖြေမှုတင်ဆက်မှု အလှည့်ဖြစ်ပါ တယ်။ပြီးခဲ့တဲ့ အပတ် Group A ဖျော်ဖြေပွဲ မှာတော့ ပိုင်တံခွန်က ကျားမျက်နှာဖုံးကို ချွတ်ချလိုက်ပြီး ပြိုင်ပွဲမှ နှုတ်ဆက် ထွက်ခွာသွားခဲ့တာဖြစ်ပါ တယ်။ The Mask Singer ပြိုင်ပွဲကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် စတင်ခဲ့တာဖြစ်ပြီး Channel ME ကနေတင်ဆက်နေတာဖြစ်ပါတယ်။

JOE @ CeleZone
Source The Mask Singer Myanmar

( ဇော်ဂျီဖြင့်ဖတ်ရန် )

” ထင္မွတ္မထားတဲ့ The Mask Singer Myanmar ရဲ႕ ဇီးကြက္မေလး ဟန္တီ ”

ဒီတစ္ပတ္ The Mask Singer ပြဲႀကီးရဲ႕ Group B မွမ်က္ႏွာဖုံးခြၽတ္လိုက္ရတဲ့ ဇီးကြက္ျဖဴမေလး ကေတာ့ အမ်ိဳးသားထု ပရိသတ္ႀကီး အသည္းစြဲေမာ္ဒယ္မေလး ဟန္တီျဖစ္ပါတယ္။ ဇီးကြက္မေလး ဟန္တီက ေကေကမိုးရဲ႕ ကြၽန္မသီခ်င္းကို သီဆိုယွဥ္ၿပိဳင္ခဲ့ၿပီး သဲလြန္စအေနနဲ႔ ကိုထြန္းထြန္း ပစ္ခ်ထားတာ ခံခဲ့ဖူးေၾကာင္း ေျပာဆိုခဲ့ပါတယ္။ မခိုင္ေလးက ဝိုင္းေလး၊ ခင္ဝင့္ဝါ၊ ဟန္တီ၊ မိုးစက္ဝိုင္လို႔ခန႔္မွန္းထားခဲ့ပါတယ္။ ေဇာ္ဂ်ီကေတာ့ ထာဝခရီးသည္ သီခ်င္းကို အပီအျပင္ ဆိုသြားခဲ့ပါတယ္။ သီဆိုမႈအၿပီးမွာ ဆယ္လီစုံေထာက္ေတြရဲ႕ ေမးခြန္းေတြမလာခင္ မွာဘဲ ဆယ္လီစုံေထာက္ ႏွစ္ေယာက္ျဖစ္တဲ့ မခိုင္ေလးနဲ ႔မိုင္ေလးကို လုပ္ဖို႔ရွိတယ္ဆိုၿပီး ေျဖလိုက္တာပါ။ ေဇာ္ဂ်ီ ေမးခြန္းေတြေျဖဆိုတဲ့အခါမွာ ေဇာ္ဂ်ီရဲ႕ အေျဖထဲမွာေတာ့ MTV အမ်ားႀကီး႐ိုက္ကူးေၾကာင္း သဲလြန္စေပးလိုက္ပါတယ္။

ေဇာ္ဂ်ီကို ထြန္းထြန္းက အရပ္အေမာင္း အေျခအေနအရ ဇြဲျပည့္လို႔ ခန႔္မွန္းၿပီး၊ ရတနာမိုင္က ေတာ့ ေအာင္လလို႔ ခန႔္မွန္း လိုက္ပါတယ္။ ေဇာ္ဂ်ီဟာ ၿဖိဳးျပည့္စုံျဖစ္တယ္လို႔ ခန႔္မွန္းၿပီး ဆယ္လီ စုံေထာက္ ႀကီး မခိုင္ေလးကေတာ့ ထူးအယ္လင္းလို႔ ခန႔္မွန္းလိုက္ပါတယ္။ ခန႔္မွန္းလိုက္ပါတယ္။ နီးျခင္း ေဝးျခင္းပညတ္မ်ားသီခ်င္းကို ေဖ်ာ္ေျဖသြားတဲ့ ငွက္ေပ်ာသီးကေတာ့ သူ႔ရဲ႕ဟန္ပန္အမူအရာေတြကို မိုင္ေလးက သိတယ္ဆိုတဲ့အေၾကာင္း၊ အႏုပညာဂီတမ်ိဳး႐ိုးရွိေၾကာင္း သဲလြန္စေပးခဲ့ပါတယ္။

ငွက္ေပ်ာသီး ေနာက္ကဆယ္လီကို ဦးအ႐ိုင္းက ေရဗကၠဝင္း၊ မခိုင္ေလးက ဂ်င္းနီ၊ ထြန္းထြန္းက အိုင္းရစ္ဇင္မာျမင့္နဲ႔ မိုင္ေလး က ပိုပိုေဟသာလို႔ အသီးအသီးခန႔္မွန္းခဲ့ၾကပါတယ္။ ဒီေန႔ညမွာ ပရိသတ္ေတြ စိတ္ဝင္စားမႈ မ်ားျပားေနတဲ့ The Mask Singer ပြဲႀကီးရဲ႕ Group B မွ သီးေမႊး၊ ဇီးကြက္ နဲ႔ ေဇာ္ဂ်ီတို႔ရဲ သီဆိုေဖ်ာ္ေျဖမႈတင္ဆက္မႈ အလွည့္ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ အပတ္ Group A ေဖ်ာ္ေျဖပြဲ မွာေတာ့ ပိုင္တံခြန္က က်ားမ်က္ႏွာဖုံးကို ခြၽတ္ခ်လိုက္ၿပီး ၿပိဳင္ပြဲမွ ႏႈတ္ဆက္ထြက္ခြာသြားခဲ့တာျဖစ္ပါ တယ္။ The Mask Singer ၿပိဳင္ပြဲကိုျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္ စတင္ခဲ့တာျဖစ္ၿပီး Channel ME ကေနတင္ဆက္ေနတာျဖစ္ပါတယ္။

JOE @ CeleZone
Source The Mask Singer Myanmar