ပိန်ချင်တဲ့သူတွေကို ပင်ပင်ပန်းပန်း Gym ဆော့စရာမလိုပဲ အဆီကျမယ့်နည်းလမ်းကို ဗီဒီယိုလေးနဲ့ အလင်းပြလိုက်တဲ့ ခင်လေးနွယ်

Posted on

အပျိုကြီးမမ ခင်လေးနွယ်ကတော့ သူမရဲ့ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးကို သဘောကျနေကြတဲ့ ပရိသတ်ကြီးအတွက် အသုံးဝင်မယ့်နည်းလမ်းလေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ပင်ပင်ပန်းပန်း Gym မဆော့ချင်တဲ့သူတွေအတွက် ပျော်ပျော် ပါးပါးဝိတ်ချလို့ရမယ့် နည်းလမ်းလေးကတော့ Zumba က တာပါပဲ။ တီးလုံးတွေနဲ့ ကခုန်ပြီး ဝိတ်ကျမယ်ဆိုတော့ ပျော်စရာ လည်းကောင်းသလို ဝိတ်လဲကျတာပေါ့နော်။

အပျိုကြီးခင်လေးနွယ်ကတော့ လက်ရှိအချိန်ထိ ဆင်ဂယ်ဘဝနဲ့ သာသာယာယာပျော်ပျော်ရွှင်ရွှင် ခရီးတွေထွက်ပြီး ဘဝကိုအေးဆေးဖြတ်သန်းနေသူတစ်ယောက်ပါပဲ။ ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးလုပ်ကိုင်နေတာမို့ အနုပညာလုပ်ငန်း တွေမှာ သိပ်မတွေ့ရတော့ပေမယ့် သူမကို ချစ်ခင်အ ားပေးတဲ့ ပရိသတ်တွေအများအပြားရှိနေဆဲပါပဲ။

ကျော့ရှင်းတဲ့ သူမရဲ့ခန္ဓာကိုယ်လေးအတိုင်း ပိန်ချင်တဲ့သူတွေအတွက် Zumba က နေတဲ့ ဗီဒီယိုလေးနဲ့ ” ပိန်လဲပိန်ချင် တယ် Gym ကစားရမှာပျင်းတဲ့သူတွေ Zumba လာကကြပါနော် ဒီလိုမျိုး ၁ နာရီ အပြည့်ကရတာ ပျော်လဲပျော် မောလဲမော ပျော်မောပေါ့ ပြီးတော့ဝိတ်လဲကျတယ် ” ဆိုပြီး အလင်းပြလိုက်တာပဲဖြစ်ပါတယ်။

Video / Photo – Khin Lay Nwe
Happy – Cele Zone

( ဇော်ဂျီဖြင့်ဖတ်ရန် )





Happy – Cele Zone