လျှို့ဝှက်သင်ထားတဲ့ မုန့်ဟင်းခါးချက်နည်းကိုသံုးပြီး ပရိသတ်တွေကို သရေကျအောင်လုပ်လိုက်တဲ့ နန်းဆုရတီစိုး

Posted on

အနုပညာလောကထဲမှာဆယ်စုနှစ်တစ်စုစာလောက်ထိကို ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားသူလေးကတော့ နန်းဆုရတီစိုးပဲဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေနဲ့ ရင်နှီးခဲ့တဲ့ အဆိုတော် မင်းသမီ‌းချောလေးတစ်ယောက်ပါပဲနော်။ သရုပ်ဆောင်လည်းကောင်းသလို အဆိုလည်းကောင်းတာကြောင့် လူငယ်ရောလူကြီးပါ ချစ်ခင်အားပေးနေခဲ့ကြပါတယ်။

 

လတ်တလောမှာတော့ သူမဟာ Photoမော်ဒယ်လေးလည်း လုပ်ရင်း နဲ့ ကြောငြာလေးတွေရိုက်ဖြစ်နေတာကိုတွေ့ရပါတယ်။ သူမဟာ အနုပညာပိုင်းမှာတင် ထူးချွန်တာမဟုတ်ဘဲ အချက်အပြုတ်လည်းကောင်းသူတစ်ယောက်ပါ။ ချက်ရပြုတ်ရတာကို သဘောကျပြီးတော့ အခုရက်ပိုင်းမှာဆိုရင်လည်း အိမ်တွင်းအောင်းပြီး Pizza Classလေးတစ်ခုကို‌ေတာင် တက်ခဲ့ပါတယ်။ Pizzaလှလှလေးတွေကို ကိုယ်တိုင်လုပ်ပြီးတော့လည်း သူမရဲ့ ပရိသတ်တွေကို အကြွာ‌းပိုခဲ့ပါသေးတယ်။

 

အခုတစ်ခါမှာလည်း နန်းဆုဟာ အိမ်မှာကိုယ်တိုင် မြန်မာရိုးရာ မုန့်ဟင်းခါးလေးချက်‌ေနတဲ့ ဗီဒီယိုလေးကို မျှဝေပေးခဲ့ပြန်ပါတယ်။ ဖုန်းလေးကိုတစ်ဖက်ကကိုင်လိုက် ရိုက်လိုက် ချက်လိုက်နဲ့ လုပ်နေရာကနေ နောက်ဆုံး စားချင်စဖွယ်မုန့်ဟင်းခါးလေးဖြစ်လာခဲ့ရပါတယ်။ အရောင်အသွေးစုံစုံလင်လင်လေးနဲ့ စားချင်စဖွယ်လေးပြင်ဆင်ပြီးတော့ သူမရဲ့ လျို့၀ှက် အချက်အပြုတ်ပညာလက်ရာကို ပရိသတ်တွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။ ကဲ… နန်းဆုတစ်ယောက် မုန့်ဟင်းခါးကိုဘယ်လိုတွေ ရှယ်ချက်နေလဲဆိုတာ ကြည့်လိုက်ကြပါအုန်း CeleZoneပရိသတ်တို့ရေ…

 

 

Source : Nansu Yati Soe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

လွ်ိဳ႕ဝွက္သင္ထားတဲ့ မုန႔္ဟင္းခါးခ်က္နည္းကိုသံုးၿပီး ပရိသတ္ေတြကို သေရက်ေအာင္လုပ္လိုက္တဲ့ နန္းဆုရတီစိုး

 

အႏုပညာေလာကထဲမွာဆယ္စုႏွစ္တစ္စုစာေလာက္ထိကို ပရိသတ္ေတြရဲ႕ အားေပးမႈကိုတစ္ခဲနက္ရရွိထားသူေလးကေတာ့ နန္းဆုရတီစိုးပဲျဖစ္ပါတယ္။ သူမဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ပရိသတ္ေတြနဲ႔ ရင္ႏွီးခဲ့တဲ့ အဆိုေတာ္ မင္းသမီ‌းေခ်ာေလးတစ္ေယာက္ပါပဲေနာ္။ သ႐ုပ္ေဆာင္လည္းေကာင္းသလို အဆိုလည္းေကာင္းတာေၾကာင့္ လူငယ္ေရာလူႀကီးပါ ခ်စ္ခင္အားေပးေနခဲ့ၾကပါတယ္။

လတ္တေလာမွာေတာ့ သူမဟာ Photoေမာ္ဒယ္ေလးလည္း လုပ္ရင္း နဲ႔ ေၾကာျငာေလးေတြ႐ိုက္ျဖစ္ေနတာကိုေတြ႕ရပါတယ္။ သူမဟာ အႏုပညာပိုင္းမွာတင္ ထူးခြၽန္တာမဟုတ္ဘဲ အခ်က္အျပဳတ္လည္းေကာင္းသူတစ္ေယာက္ပါ။ ခ်က္ရျပဳတ္ရတာကို သေဘာက်ၿပီးေတာ့ အခုရက္ပိုင္းမွာဆိုရင္လည္း အိမ္တြင္းေအာင္းၿပီး Pizza Classေလးတစ္ခုကို‌ေတာင္ တက္ခဲ့ပါတယ္။ Pizzaလွလွေလးေတြကို ကိုယ္တိုင္လုပ္ၿပီးေတာ့လည္း သူမရဲ႕ ပရိသတ္ေတြကို အႂကြာ‌းပိုခဲ့ပါေသးတယ္။

အခုတစ္ခါမွာလည္း နန္းဆုဟာ အိမ္မွာကိုယ္တိုင္ ျမန္မာ႐ိုးရာ မုန႔္ဟင္းခါးေလးခ်က္‌ေနတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးခဲ့ျပန္ပါတယ္။ ဖုန္းေလးကိုတစ္ဖက္ကကိုင္လိုက္ ႐ိုက္လိုက္ ခ်က္လိုက္နဲ႔ လုပ္ေနရာကေန ေနာက္ဆုံး စားခ်င္စဖြယ္မုန႔္ဟင္းခါးေလးျဖစ္လာခဲ့ရပါတယ္။ အေရာင္အေသြးစုံစုံလင္လင္ေလးနဲ႔ စားခ်င္စဖြယ္ေလးျပင္ဆင္ၿပီးေတာ့ သူမရဲ႕ လ်ိဳ႕၀ွက္ အခ်က္အျပဳတ္ပညာလက္ရာကို ပရိသတ္ေတြကို ျပသခဲ့တာပဲျဖစ္ပါတယ္။ ကဲ… နန္းဆုတစ္ေယာက္ မုန္႔ဟင္းခါးကိုဘယ္လိုေတြ ရွယ္ခ်က္ေနလဲဆိုတာ ၾကည့္လိုက္ၾကပါအုန္း CeleZoneပရိသတ္တို႔ေရ…