မရိုးနိုင်တဲ့ Sexyဒီဇိုင်းတွေနဲ့ ပရိသတ်ကို အံ့ဩရအောင်လုပ်လိုက်ပြန်တဲ့ သင်ဇာ

ချစ်ပရိသတ်ကြီးရေ… လူကြီး လူငယ်တွေကြားမှာ အရမ်းကိုရေပန်းစားပြီးတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးစာရင်းဝင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကိုမသိတဲ့သူမရှိပါဘူးနော်။ သူမဟာ sexyဆန်ဆန်လေးတွေကို အဝတ်များတာကြောင့် ပုရိသပရိတ်သတ်တွေရဲ့ ဝန်းရံအားပေးခြင်းကိုခံရတဲ့အပြင် မိန်းကလေးပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်းရရှိထားသူပါနော်။

 

အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတာကြောင့် ဘာပဲဝတ်ဝတ်အရမ်းကိုလိုက်ဖက်သူလေးပါနော်။ သူမဟာ တစ်ခါတစ်ရံမှာ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးတွေကို ဝတ်လေ့ရှိပြီးတော့ အများစုကတော့ ရင်ခုန်ချင်စရာ sexyကျကျလေးတွေအဝတ်များပါတယ်နော်။ အခုတစ်ခါမှာလည်း သူမရဲ့အလန်းတကာ့အလန်းဆုံးဖက်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ အကြွေတစ်လိုင်း ခပ်ဟော့ဟော့ ပုံစံလေးနဲ့ ထပ်မံတွေ့မြင်ခဲ့ရပြန်ပါပြီနော်။

 

 

မြင်သူတိုင်းလည်ပြန်ငေးရလောက်တဲ့ အမိုက်စားဖက်ရှင်လေးနဲ့ Icon KTVဖွင့်ပွဲကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သူမနဲ့ အတူ ဝတ်မှုန်ရွှေရည်၊ ပိုင်တံခွန်၊ အားတီတို့အပြင် နာမည်ကျော် အနုပညာရှင်ပေါင်းများစွာလည်း တက်ရောက်လာခဲ့ကြပါတယ်နော်။ ကဲ… တစ်မျိုစနဲ့တစ်မျိုးမရိုးရအောင် sexyကျကျဖက်ရှင်လေးနဲ့ လှချင်တိုင်းလှလို့နေတဲ့ သင်ဇာရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်လေးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Source:Thinzar Wint Kyaw

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



