အလုပ်လုပ်ရင် အရမ်းကိုစနစ်ကျပြီးစေတနာပါတဲ့ ညီမလေးနီနီခင်ဇော်ကို ချီးကျူးခဲ့တဲ့ မအေးသောင်း

Posted on

ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်လေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းဆိုတာ ပြည်တေယ်ချစ်မင်းသမီးချောလေးတစ်ယောက်ပါ။ ရိုးရိုးလေးတွေ ၀တ်ရင်အရမ်းလှပြီးတော့ ရှုတိုင်းယဉ်အေးတဲ့ မြန်မာဆန်ဆန်အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ သူမဟာ အလှအပကျန်းမာရေးကိုလည်း ဂရုစိုက်တတ်သူတစ်ယောက်လည်းဖြစ်ပါသေးတယ်။

လက်ရှိအနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ သူမဟာ “လျှို့ဝှက်ဖိုင်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ ဒီလိုရုပ်ရှင်ကားရိုက်တွေ ကြော်ငြာတွေနဲ့ မအားမလပ်ဖြစ်နေခဲ့ရပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် Gymလည်းပုံမှန်းမကစားဖြစ်တာကြောင့် သူမရဲ့ ကိုယ်လုံးလှလှလေးအတွက် အမြဲတမ်းအစားအသောက်နဲ့လည်း ထိန်း‌ေနခဲ့ရပါတယ်။ သူမရဲ့ အလှအပရေးရာကိုတော့အချိန်ရရင်ရသလို ဂရုစိုက်ပေးတတ်တာကိုတွေ့ရပြီးတော့ အခုလည်း အချိန်ရတုန်းလေး Spaပြေးခဲ့ရပါတယ်။

လူငယ် အဆိုတော်မလေးနီနီခင်ဇော်ကိုယ်တိုင်ဖွင့်ထားတဲ့ Myan Spaကိုသွားရောက်ခဲ့တာပဲဖြစ်ပြီးတော့ စနစ်တကျအလှဆင်ထားတဲ့ အပြင်အဆင်တွေကြောင့် မအေးသောင်းတစ်ယောက်ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ” အလုပ်လုပ်ရင် သေချာစနစ်တကျနဲ့ စေတနာပါပါလုပ်တတ်တဲ့သူထဲမှာ ညီမလေးနီနီခင်​ဇော် လည်းပါတယ်။ သူ့ရဲ့ Myan Spa ဆိုင်လေးရောက်သွားတာ မထင်မှတ်ထားရလောက်အောင်ဂရုတစိုက် ပြင်ဆင်ထားတာကြောင့် ပုံလေးတွေတင်ပြီး ချီးကျူးပါရစေ နီနီရေ…” ဆိုတဲ့စာသားလေးနဲ့အတူ မအေးသောင်း မျှဝေပေးထားတဲ့ ပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက်ပြန်လည်‌ေဖာ်ပြပေးလိုက်ပါတယ်နော်….

Source : Aye Thaung
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

အလုပ္လုပ္ရင္ အရမ္းကိုစနစ္က်ၿပီးေစတနာပါတဲ့ ညီမေလးနီနီခင္ေဇာ္ကို ခ်ီးက်ဴးခဲ့တဲ့ မေအးေသာင္း

 

ဆြဲေဆာင္မႈရွိတဲ့ ကိုယ္လုံးကိုယ္ေပါက္ေလးကို ပိုင္ဆိုင္ထားတဲ့ မေအးေသာင္းဆိုတာ ျပည္ေတယ္ခ်စ္မင္းသမီးေခ်ာေလးတစ္ေယာက္ပါ။ ႐ိုး႐ိုးေလးေတြ ၀တ္ရင္အရမ္းလွၿပီးေတာ့ ရႈတိုင္းယဥ္ေအးတဲ့ ျမန္မာဆန္ဆန္အလွတရားေတြကိုပိုင္ဆိုင္ထားတဲ့ သူမဟာ အလွအပက်န္းမာေရးကိုလည္း ဂ႐ုစိုက္တတ္သူတစ္ေယာက္လည္းျဖစ္ပါေသးတယ္။

လက္ရွိအႏုပညာ လႈပ္ရွားမႈအေနနဲ႔ကေတာ့ သူမဟာ “လွ်ိဳ႕ဝွက္ဖိုင္” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေလးကို ႐ိုက္ကူးၿပီးစီးခဲ့ပါတယ္။ ဒီလို႐ုပ္ရွင္ကား႐ိုက္ေတြ ေၾကာ္ျငာေတြနဲ႔ မအားမလပ္ျဖစ္ေနခဲ့ရၿပီး ခႏၶာကိုယ္က်န္းမာေရးအတြက္ Gymလည္းပုံမွန္းမကစားျဖစ္တာေၾကာင့္ သူမရဲ႕ ကိုယ္လုံးလွလွေလးအတြက္ အၿမဲတမ္းအစားအေသာက္နဲ႔လည္း ထိန္း‌ေနခဲ့ရပါတယ္။ သူမရဲ႕ အလွအပေရးရာကိုေတာ့အခ်ိန္ရရင္ရသလို ဂ႐ုစိုက္ေပးတတ္တာကိုေတြ႕ရၿပီးေတာ့ အခုလည္း အခ်ိန္ရတုန္းေလး Spaေျပးခဲ့ရပါတယ္။

လူငယ္ အဆိုေတာ္မေလးနီနီခင္ေဇာ္ကိုယ္တိုင္ဖြင့္ထားတဲ့ Myan Spaကိုသြားေရာက္ခဲ့တာပဲျဖစ္ၿပီးေတာ့ စနစ္တက်အလွဆင္ထားတဲ့ အျပင္အဆင္ေတြေၾကာင့္ မေအးေသာင္းတစ္ေယာက္ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ ” အလုပ္လုပ္ရင္ ေသခ်ာစနစ္တက်နဲ႔ ေစတနာပါပါလုပ္တတ္တဲ့သူထဲမွာ ညီမေလးနီနီခင္​ေဇာ္ လည္းပါတယ္။ သူ႔ရဲ႕ Myan Spa ဆိုင္ေလးေရာက္သြားတာ မထင္မွတ္ထားရေလာက္ေအာင္ဂ႐ုတစိုက္ ျပင္ဆင္ထားတာေၾကာင့္ ပုံေလးေတြတင္ၿပီး ခ်ီးက်ဴးပါရေစ နီနီေရ…” ဆိုတဲ့စာသားေလးနဲ႔အတူ မေအးေသာင္း မွ်ေဝေပးထားတဲ့ ပုံရိပ္ေလးေတြကို CeleZoneပရိသတ္ေတြအတြက္ျပန္လည္‌ေဖာ္ျပေပးလိုက္ပါတယ္ေနာ္….