လမ်းဘေးခွေးတွေကို အဆိပ်‌ေကွျးပြီးသတ်တာကိုအားမပေးဘဲ သားကြော‌ြဖတ်ပြီး ခွေးရူးကာကွယ်ရေးလုပ်ငန်းစဉ်မှာ ပါ၀င်ခဲ့တဲ့ သန္တာလှိုင်
Posted on
ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သန္တာလှိုင်လာ လက်ရှိမှာဆိုရင် လမ်းဘေးခွေးတွေကို ခွေးရူးမပြန်စေဖို့ သားကြောဖြတ်တဲ့နည်းနဲ့ ခွေးရူးပြန်ကာကွယ်ရေးလုပ်ငန်းစဉ်မှာ YCFရဲ့ Co-founderအဖြစ်ပါ၀င်လှုပ်ရှားလျက်ရှိပါတယ်။ သူမဟာ မကြာသေးမှီကပဲ  Unicef ရဲ့ Save The Childrenရဲ့ Breast Feeding Education Campaign မှာBrand Ambassador အဖြစ်လည်း တာဝန်ယူခဲ့ပါ‌ေသးတယ်။
ခွေးတွေကို အဆိပ်ကျွေးပြီးသတ်နေမယ့်အစား သူမအရမ်းြဖစ်စေချင်တဲ့ လမ်းဘေးခွေးတွေကို သားကြောဖြတ်တဲ့နည်း၊ ခွေးရူး ကာကွယ်ရေးလုပ်ငန်းစဉ် CNVRနဲ့ ခွေးအကောင်ရေများပြားလာတာကို ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်မှာပါ၀င်ခဲ့တာပဲဖြစ်ပါတယ်။ ” အဆိပ်ကျွေးပြီးသတ်နေတာဟာ ကြာနေပြီပဲ…. အခုချိန်အထိ တကယ်ပပျောက်တာမှ မဟုတ်တာ…..  အစာမကျွေရဆိုပြီး တာမြစ်တော့ ကိုယ်တောင် ဗိုက်ဆာရင် စိတိတိုသေးတာပဲ… လမ်းဘေးခွေးတေစိတ်တိုရင် လူတွေအတွက် ပိုပြီး အန္တရာယ် မရှိပေဘူးလား?” လို့ဆိုခဲ့ပြီးတော့ “ကလေးငယ်များခွေးလိုက်ခံရပီးခွေးရှူးပြန်ရောဂါနဲ့ သေကြတော့.ကျွန်မကိုယ်တိုင်ကိုကကလေး၂ယောက်လုံးရဲ့မိခင်မို့ စိုးရိမ်ပူပန်မိပြန်တယ်.. ” ဆိုပြီးတော့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်းပြောပြခဲ့ပါသေးတယ်။
သူမတို့ရဲ့ မိသားစုဆရာ၀န်ကြောင့် ဒီလုပ်ငန်းစဉ်လေးကိုသိရှိခဲ့ရတာပဲဖြစ်ပြီးတော့ အရမ်းလည်းစိတ်ပါ၀င်စားခဲ့တာကြောင့် ပါ၀င်ကူညီချင်လို့ Yangon Canine Foundationတည်ထောင်သူကို သူမကိုယ်တိုင် ကမ်းလှမ်းခဲ့ပါတယ်။ YFCကလည်း သဘောတူပြီး ြပန်လည်ကမ်းလှမ်းခဲ့တာကြောင့် လက်ရှိမှာဆိုရင် ကုသိုလ်‌ေတွအများကြီးရတဲ့ လုထုအကျိုးပြု ဒီလုပ်စဉ်လေးမှာ  တိရိစ္ဆာန်ချစ်တတ်တဲ့ သန္တာလှိုင်တစ်ယောက် ပါ၀င်ခွင့်ရခဲ့ပါတယ်။ အခုဆိုရင် Bruno လို့ခေါ်တဲ့ ခွေးလေးပုတိုနဲ့ပတ်သတ်နဲ့ ပရဟိတ Projectလေးကိုတောင် စလုပ်နေပါပြီနော်။ကဲ… ကုသိုလ်ရေးလေးတွေကို မအားလပ်တဲ့ ကြားကနေတတ်စွမ်းသလောက်လုပ်နေတဲ့ မင်းသမီးချောလေး သန္တာလှိုင်ရဲ့ ကြည်နူးဖွယ်ရာပုံရိပ်လေးတွေကို CeleZone ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thandar Hlaing
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)
လမ်းဘေးခွေးတွေကို အဆိပ်‌ကျွေးပြီးသတ်တာကိုအားမပေးဘဲ သားကြော‌ဖြတ်ပြီး ခွေးရူးကာကွယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ သန္တာလှိုင်
ခွေးတွေကို အဆိပ်ကျွေးပြီးသတ်နေမယ့်အစား သူမအရမ်းဖြစ်စေချင်တဲ့ လမ်းဘေးခွေးတွေကို သားကြောဖြတ်တဲ့နည်း၊ ခွေးရူး ကာကွယ်ရေးလုပ်ငန်းစဉ် CNVRနဲ့ ခွေးအကောင်ရေများပြားလာတာကို ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်မှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ” အဆိပ်ကျွေးပြီးသတ်နေတာဟာ ကြာနေပြီပဲ…. အခုချိန်အထိ တကယ်ပပျောက်တာမှ မဟုတ်တာ….. အစာမကျွေရဆိုပြီး တားမြစ်တော့ ကိုယ်တောင် ဗိုက်ဆာရင် စိတိတိုသေးတာပဲ… လမ်းဘေးခွေးတေစိတ်တိုရင် လူတွေအတွက် ပိုပြီး အန္တရာယ် မရှိပေဘူးလား?” လို့ဆိုခဲ့ပြီးတော့ “ကလေးငယ်များခွေးလိုက်ခံရပီးခွေးရှူးပြန်ရောဂါနဲ့ သေကြတော့.ကျွန်မကိုယ်တိုင်ကိုကကလေး၂ယောက်လုံးရဲ့မိခင်မို့ စိုးရိမ်ပူပန်မိပြန်တယ်.. ” ဆိုပြီးတော့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကိုလည်းပြောပြခဲ့ပါသေးတယ်။