ဆိုင်ဖွင့်ပွဲတစ်ခုမှာ အရမ်းကို ဆွဲဆောင်မှုပြင်းလွန်းတဲ့ ပုံလေးတွေနဲ့ ပရိသတ်ကိုဖမ်းစားခဲ့တဲ့ ပိုင်တံခွန် နဲ့‌ရွှေကစ်လေး

လက်ရှိ ပေါ်ပြူလာဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ လူငယ်အနုပညာရှင်တွေထဲက နှစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်နဲ့ ရွှေကစ်လေးတို့ကတော့ ပြည်ပနိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့နာမည်ကြီးအနုပညာရှင်တွေပါပဲနော်။ အခုနောက်ပိုင်စမှာဆိုရင်ပိုင်တံခွန်ဟာ အနုပညာခြေလှမ်းတွေ စိတ်လာနေတာကိုတွေ့ရပြီးတော့ ရွှေကစ်ကတော့ အသစ်အသစ်သော ပုံစံလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ဖို့ကြိုးစားလျက်ရှိပါတယ်နော်။

သူမတို့နှစ်ယောက်စလုံစဟာ ဘာပဲလုပ်လုပ် သူမတို့ချစ်တဲ့ ပရိသတ်တွေအပေါ်စေတနာထားပြီးတော့ လုပ်တတ်တဲ့အကျင့်လေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို သူမတူအောင်တစ်ခဲနက်ရရှိပိုင်ဆိုင်ထားနေခဲ့ရပါတယ်နော်။ ဒါ့အပြင်လတ်တလောမှာဆိုရင်လည်း ပိုင်တံခွန်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ မကြာခင်ရုံတင်ပြသတော့မှာလည်းဖြစ်ပါသေးတယ်နော်။

 

အခုဆိုရင် ပရိသတ်အချစ်တော် နှစ်ယောက်ကို ဆိုင်ဖွင့်ပွဲတစ်ခုမှာအတူတူတွေ့ရပြန်ပါတယ်နော်။ Icon KTVဆိုင်ဖွင့်ပွဲကို နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ သင်ဇာဝင့်ကျော်၊အားတီ၊ဝတ်မှုန်ရွှေရည်၊ ပိုင်တံခွန်တို့နဲ့အတူ အခြားသော အနုပညာရှင်ပေါင်းများစွာလည်းတက်ရောက်လာခဲ့တာကိုတွေ့ရပြန်ပါတယ်နော်။ ကဲ… အမိုက်စားအပြင်အဆင်တွေနဲ့ မြင်သူတိုင်းငေးသွားစေနိုင်လောက်တဲ့ ပရိတ်သတ်တို့ရဲ့အချစ်တော် ပိုင်တံခွန်နဲ့ရွှေကစ်လေးတို့ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

 

Source:Paing Takhon

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



