ဘောလုံးအကန်ကောင်းလွန်းလို့ ခြေထောက်ဒဏ်ရာရပြီး လမ်းမလျှောက်နိုင်ဖြစ်သွားခဲ့ရတဲ့ အိစိကွေး

Posted on

ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ သွက်လက်လွန်းတာကြောင့် ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်ကြီးရဲ့ အချစ်တော်လေးဖြစ်လာခဲ့တဲ့ အိစိကွေးဟာ လက်ရှိမှာဆိုရင် တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ်နဲ့ ရပ်တည် နေပြီဖြစ်ပြီး ဇာတ်ကားတွေလည်း ဆက်လက်ရိုက်ကူးနေသူတစ်ယောက်ဖြစ်ပါတယ်။ ဝါသနာအရ သီချင်းတွေလည်းဆိုပြီး အိစိရဲ့သီချင်းတွေဟာလည်း ပရိသတ်အားပေးမှုတွေ အများအပြား ရရှိခဲ့ပါတယ်။

ယောကျာ်းလေးအများစုသဘောကျပြီး ကစားကြတဲ့ ဘောလုံးအားကစားကို အိစိတစ်ယောက် လည်း နှစ်ခြိုက်ပြီး ကစားခဲ့ပါ တယ်။ အားကစားတိုင်းမှာ မတော်တဆဖြစ်တတ်တဲ့ ထိခိုက် ဒဏ်ရာလေးတွေရှိတတ်တာမို့ ဒီတစ်ခေါက်မှာတော့ အိစိတစ်ယောက် ဘောလုံးကန်ကောင်းပြီး ခြေထောက်ဒဏ်ရာရကာ ပတ်တီးစည်းထားရပြီး လမ်းမလျှောက်နိုင်သေးတဲ့ အခြေအနေတစ်ခုပါပဲ။

ဒဏ်ရာရနေတဲ့ခြေထောက်ကို ဓာတ်ပုံရိုက်ပြီး ” မနေ့က ဘောလုံးအကန်ကောင်းတာ လမ်းတောင်မလျှောက်နိင် ” ဆိုပြီး ပရိသတ်တွေကို အသိပေးခဲ့တာပဲဖြစ်ပါ တယ်။ ပရိသတ်တွေကလည်း ဂရုစိုက်ဖို့နဲ့ အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးခဲ့ ကြပါတယ်။ နောက်ဆိုဂရုစိုက်ပါအိစိရေ အခုလည်း အမြန်ဆုံးသက်သာလာပါစေနော်။

Photo – Ei Si Kway
Happy – Cele Zone

( ဇော်ဂျီဖြင့်ဖတ်ရန် )





Photo – Ei Si Kway
Happy – Cele Zone