အဓိဌာန်အောင်မြင်ခြင်းအလှူအဖြစ်နဲ့ သစ်တံခါးဆရာတော်ကို ဝတ္ထုငွေကျပ်ဆယ်သိန်းလှူတန်း ခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

Posted on

ကြည်နူးစရာကောင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ ဟာ သွားအတူ လာအတူ စားအတူအပြင် ကုသိုလ်ရေးလုပ်တော့လည်း အတူတူပါပဲ။ မောင်တစ်ထမ်း မယ်တစ်ရွယ် ဆိုသလို အတူတူလက်တွဲပြီး ရင်ဆိုင်လာခဲ့တဲ့ ဘဝခရီးမှာ အောင်မြင်မှုပန်းတိုင်ကိုလည်း အတူတူတက်လှမ်းနိုင်ခဲ့ပြီး အေးချမ်းသာယာတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်နေပြီပဲဖြစ်ပါတယ်။

မရှိအတူဘဝကနေဖြတ်သန်းလာခဲ့ပြီး အခုပြည့်စုံလာတော့လည်း တစ်ယောက်နဲ့တစ်ယောက် ချစ်မေတ္တာတွေဟာ ပိုပိုပြီးတိုးလာခဲ့ပါတယ်။ အပြန်အလှန် စပရိုက်လေးတွေလုပ်ပေးတတ်ပြီး တစ်ယောက်နဲ့ပျော်ရွှင်မှုကို တစ်ယောက်က တန်ဖိုးထားပြီးဖန်တီးပေးတတ်တဲ့ ကြည်နူးစရာ ဇနီးမောင်နှံပါပဲ။ ချစ်စရာသမီးလေးနှစ်ယောက်ဟာလည်း မိခင်နဲ့ ဖခင်တို့ရဲ့ အေးချမ်းတဲ့ မေတ္တာရိပ်မှာ အပူအပင်ကင်းကင်းနဲ့ပျော်ရွှင်နေခဲ့ပါတယ်။

အတူတူကုသိုလ်ရေးတွေလုပ်ကြပြီး ဒီတစ်ခေါက်မှာတော့ နှစ်ယောက်သား အဓိဌာန်ဝင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် သစ်တံခါးဆရာတော်ထံမှာ ဝတ္ထုငွေကျပ်ဆယ်သိန်းလှူတန်းခဲ့တဲ့ ပုံရိပ်လေးကို ” အဓိဌာန်အောင်မြင်ခြင်းအလှူ ၁၀သိန်းကျပ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ နောက်လည်းဒီထက်မက ဘုရားတရားတွေ ပိုလုပ်နိုင်ပြီး လိုအပ်တဲ့ နေရာတိုင်းမှာ လှူတန်းနိုင်သူတွေဖြစ်ပါစေနော်။

Photo – Smile
Happy – Cele Zone

( ဇော်ဂျီဖြင့်ဖတ်ရန် )





Photo – Smile
Happy – Cele Zone