ပုဂံဘုရားမှာစကားအော်ဟစ်ပြောဆိုနေကြတဲ့ တိုင်းတပါးသားတွေရဲ့စည်းကမ်းမဲ့မှုကို Live ဗီဒီယိုနဲ့ သက်သေပြပြီး ဝေဖန်လိုက်တဲ့ စမိုင်းလ်

Posted on

အခုနောက်ပိုင်း ငွေကြေးမစိုက်ထုတ်ပဲ ခရီးသွားနေကြတဲ့ တိုင်းတပါးသားတွေ တော်တော်များများ မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ လာရောက်နေကြတာပဲဖြစ်ပါတယ်။ ဒီလိုလူတွေတော်တော်များများဟာ စည်းကမ်းမဲ့ကြပြီး ပတ်ဝန်းကျင်ကို လည်း သူတို့ရဲ့ အပြုအမူတွေက အတော်လေးအနှောက်အယှက် ပေးတာတော့ ကြုံဖူးတဲ့သူတိုင်းအသိပါ။ ဒီတစ်ခေါက်မှာ တော့ စမိုင်းလ်တို့ဇနီးမောင်နှံက ပုဂံကို ဘုရားဖူးထွက်လာခဲ့ကြပြီး ဘုရားပေါ်မှာ ဒီလိုခရီးထွက်လာတဲ့ တိုင်းတပါးသားတွေ အများအပြားကို တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်။

အုပ်စုလိုက်စကားပြောတဲ့ဆူညံသံဟာ ဆိတ်ငြိမ်တဲ့ဘုရားရဲ့ အေးချမ်းမှုကို ရုတ်ချည်းဆိုသလို ပွက်လောရိုက်သွားခဲ့ပြီး ဘုရားရှိခိုးပြီး အေးအေးဆေးဆေးနေချင်သူတွေအဖို့တော့ တော်တော် လေးကို ကြီးမားတဲ့အနှောက်အယှက်တစ်ခုပါပဲ။ စမိုင်းတစ်ယောက်လည်း ဒီလူအုပ်ကြောင့် ဘုရားတောင်အေးအေးဆေးဆေးမရှိခိုးနိုင်တော့ပဲ Live လွှင့်ပြီး ပရိသတ်တွေ ကို ပြသခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း အေးအေးဆေးဆေးဘုရားဖူးချင်လို့လာကာမှ ဒီလိုဆူညံသံတွေကြောင့် အနှောက်အယှက်ဖြစ်ပုံပါပဲ။

သူမရဲ့ Live ဗီဒီယိုလေးကို ” Zero tour တွေအော်ဟစ်ဆူညံဘုရားမှာစိတ်ညစ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူတူ ခရီးထွက်လာခဲ့ပြီး အေးချမ်းတဲ့ ဘုရားရိပ်တရားရိပ်မှာ ခိုလှုံရင်း လောကရဲ့အပူမီးတွေကို တတ်နိုင်သလောက် ငြိမ်းနေကြတာပဲဖြစ်ပါတယ်။ ဒီ Live လေးမှာတော့ သူမအတော်လေးစိတ်ညစ်နေပေမယ့် လှလွန်းတဲ့ ရှုခင်းလေးနဲ့တော့ မရမကဓာတ်ပုံရိုက်နိုင်တာတော့ ချီးကျူးစရာပဲနော်။ ပရိသတ်ကြီးထဲမှာရော ဓာတ်ပုံရိုက်ဝါသနာအိုးတွေရှိလား။

Video / Photo – Smile
Happy – Cele Zone

( ဇော်ဂျီဖြင့်ဖတ်ရန် )

” ပုဂံဘုရားမွာစကားေအာ္ဟစ္ေျပာဆိုေနၾကတဲ့ တိုင္းတပါးသားေတြရဲ႕စည္းကမ္းမဲ့မႈကို Live ဗီဒီယိုနဲ႔ သက္ေသျပၿပီး ေဝဖန္လိုက္တဲ့ စမိုင္းလ္ ”

အခုေနာက္ပိုင္း ေငြေၾကးမစိုက္ထုတ္ပဲ ခရီးသြားေနၾကတဲ့ တိုင္းတပါးသားေတြ ေတာ္ေတာ္မ်ားမ်ား ျမန္မာႏိုင္ငံကို အလုံးအရင္းနဲ႔ လာေရာက္ေနၾကတာပဲျဖစ္ပါတယ္။ ဒီလိုလူေတြေတာ္ေတာ္မ်ားမ်ားဟာ စည္းကမ္းမဲ့ၾကၿပီး ပတ္ဝန္းက်င္ကို လည္း သူတို႔ရဲ႕ အျပဳအမူေတြက အေတာ္ေလးအေႏွာက္အယွက္ ေပးတာေတာ့ ႀကဳံဖူးတဲ့သူတိုင္းအသိပါ။ ဒီတစ္ေခါက္မွာ ေတာ့ စမိုင္းလ္တို႔ဇနီးေမာင္ႏွံက ပုဂံကို ဘုရားဖူးထြက္လာခဲ့ၾကၿပီး ဘုရားေပၚမွာ ဒီလိုခရီးထြက္လာတဲ့ တိုင္းတပါးသားေတြ အမ်ားအျပားကို ေတြ႕ခဲ့ၾကတာပဲျဖစ္ပါတယ္။

အုပ္စုလိုက္စကားေျပာတဲ့ဆူညံသံဟာ ဆိတ္ၿငိမ္တဲ့ဘုရားရဲ႕ ေအးခ်မ္းမႈကို ႐ုတ္ခ်ည္းဆိုသလို ပြက္ေလာ႐ိုက္သြားခဲ့ၿပီး ဘုရားရွိခိုးၿပီး ေအးေအးေဆးေဆးေနခ်င္သူေတြအဖို႔ေတာ့ ေတာ္ေတာ္ ေလးကို ႀကီးမားတဲ့အေႏွာက္အယွက္တစ္ခုပါပဲ။ စမိုင္းတစ္ေယာက္လည္း ဒီလူအုပ္ေၾကာင့္ ဘုရားေတာင္ေအးေအးေဆးေဆးမရွိခိုးႏိုင္ေတာ့ပဲ Live လႊင့္ၿပီး ပရိသတ္ေတြကို ျပသခဲ့ပါတယ္။ သူမကိုယ္တိုင္လည္း ေအးေအးေဆးေဆးဘုရားဖူးခ်င္လို႔လာကာမွ ဒီလိုဆူညံသံေတြေၾကာင့္ အေႏွာက္ အယွက္ျဖစ္ပုံပါပဲ။

သူမရဲ႕ Live ဗီဒီယိုေလးကို ” Zero tour ေတြေအာ္ဟစ္ဆူညံဘုရားမွာစိတ္ညစ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူနဲ႔အတူတူ ခရီးထြက္လာခဲ့ၿပီး ေအးခ်မ္းတဲ့ ဘုရားရိပ္တရားရိပ္မွာ ခိုလႈံရင္း ေလာကရဲ႕အပူမီးေတြကို တတ္ႏိုင္သေလာက္ ၿငိမ္းေနၾကတာပဲျဖစ္ပါတယ္။ ဒီ Live ေလးမွာေတာ့ သူမအေတာ္ေလးစိတ္ညစ္ေနေပမယ့္ လွလြန္းတဲ့ ရႈခင္းေလးနဲ႔ေတာ့ မရမကဓာတ္ပုံ႐ိုက္ႏိုင္တာေတာ့ ခ်ီးက်ဴးစရာပဲေနာ္။ ပရိသတ္ႀကီးထဲမွာေရာ ဓာတ္ပုံ႐ိုက္ဝါသနာအိုးေတြ ရွိလား။

Video / Photo – Smile
Happy – Cele Zone