မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ချောင်းသာကမ်းခြေမှာ ထမင်းဘူးတွေဝေပြီး ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံရဲ့ Live ဗီဒီယို
Posted on
ကြည်နူးစရာကောင်းတဲ့နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကတော့ တကယ့်ကို အမှတ်တရပါပဲ။ ချောင်းသာကမ်းခြေမှာ စီးပွားရှာနေတဲ့အခြေခံလူတန်းစားတွေကို ထမင်းဘူးတွေဝေပြီး ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ကြတာပဲဖြစ်ပါတယ်။ ထမင်းဘူးတွေက မိနစ်ပိုင်းအတွင်းမှာပဲကုန်သွားပြီး နောက်ထပ်မုန့်လက်ဆောင်းတွေ လည်း ထပ်ဝေခဲ့ကြပါသေးတယ်။ ကြည်နူးစရာအလှူလေးဟာ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။
ကလေးတွေကလည်း မကြီး မကြီးလို့ တစာစာအော်ပြီး ပူဆာတာလေးတွေကိုလည်း နန်းမြတ်က ဖြည့်ဆည်းပေးခဲ့ပါသေး တယ်။ ကြည်နူးစရာမင်္ဂလာနှစ်ပတ်လည်အလှူလေးဟာ ပျော်စရာတွေ အပြည့်နဲ့ဖြတ်သန်းခဲ့ရပြီး ကြည့်ရှုရသူတွေ လည်း စိတ်ချမ်းမြေ့ခဲ့ကြပါတယ်။ ကမ်းခြေက ဈေးသည်တွေရဲ့ဆုတောင်းတွေဟာလည်း တကယ့်ကိုစိတ်ကြည်နူးစရာ ကောင်းလွန်းပါတယ်။
သူမတို့ရဲ့ပျော်စရာ Live ဗီဒီယိုလေးကို ” ချောင်းသာမှာအလှူလုပ်ခွင့်ရတယ် မင်္ဂလာနှစ်ပတ်လည် အလှူလေး ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပျော်စရာအလှူလေးကို ကြည့်ရှုသူပရိသတ်တွေကလည်း သာဓုတွေခေါ်ပြီး ကြည်နူးစရာ အခိုက်အတန့်လေးပါပဲ။ ခင်ပွန်းဖြစ်သူကလည်း နန်းမြတ်ရဲ့သဘောအတိုင်း နန်းမြတ်စိတ်ချမ်းသာအောင်ထားခဲ့ပါသေး တယ်။ ပျော်စရာနှစ်ပတ်လည်နေ့လေးပါ နန်းမြတ်ရေ။
Video / Photo – Nan Myat Phyo Thin
Happy – Cele Zone
( ဇော်ဂျီဖြင့်ဖတ်ရန် )
Happy – Cele Zone