ပရိသတ်တွေ နှောက်ထားတဲ့ ပုံနဲ့ ကိုယ့်ကိုယ်ကို ပြန်ခွီနေတဲ့ ညီညီမောင် ( စမ်းချောင်း)

Posted on

နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေပျော်ရွှင်အောင် အမြဲစနောက် ပြီး ဟာသဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတဲ့ ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကတော့ ပရိသတ်တွေ အချစ်ပိုနေရသူလေးပါ ။ ဝေဖန်သူတွေကိုလည်း အချက်လက်ကျကျ ပြန်ပြောတတ်သလို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အမြဲပျော်အောင်စနောက်တတ်တဲ့ သုသုကတော့ ပရိသတ်တွေနဲ့အမြဲ တဝုန်းဝုန်းပါပဲ ။

 

 

ပရိသတ်တွေက သူမကို ဘယ်လောက်ပဲ Troll ပြီးစနောက်ကြပါစေ သုသုကတော့ စိတ်မဆိုး အပြုံးမပျက်ဘဲ ပြန်လည်စနောက်တတ်ပါသေးတယ် ။ လတ်တလောမှာလည်း သုသုပုံကို ဖိုတိုရှော့နဲ့ ပြင်ထားပြီး ချောင်းဘေးမှာ အိမ်သာတက်နေတဲ့ ပုံ နဲ့ ပရိသတ်တွေကစနောက်ထားပေမယ့် ” ဒီမှာ လူရှိတယ်နော် ဒါပဲ နှောက်ကျတာဆိုတာလေ ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ ဝေါမှာပြန်လည်မျှဝေပြီး စနောက်ထားပါသေးတယ် ။

 

 

ဖိုတိုရှော့နဲ့စနောက်ခံထားရတယ်ဆိုပေမယ့် တချို့ပရိသတ်တွေက တကယ်ရိုက်ထားတဲ့ ပုံအစစ်လို့ထင်နေကြပြီး တဝါးဝါး ပွဲကျနေကြတာပါ ။ သုသု တစ်ယောက်ကတော့ သူမကို နှောက်ပြန်နှောက်လိုက်ရမှ ကျေနပ်တဲ့ ပြည်သူချစ်အနုပညာရှင်လို့ဆိုရမှာပါပဲ ။ သုသုရဲ့ အခွီပုံရိပ်လေးတွေကို Cele Zone ပရိသတ်တွေခွီရအောင် ပြန်တင်ပေးလိုက်ပြီနော် ။

Source : Nyi Nyi Maung
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်





Source : Nyi Nyi Maung
Emily ( Cele Zone)