လောကဓံကိုရင်ဆိုင်ပြီး အကောင်းဆုံးကျော်ဖြတ်ကြမယ်ဆိုတဲ့ ဘေဘီမောင်

Posted on

ပရိသတ်တွေချစ်ရတဲ့ မော်ဒယ်လ်သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ကတော့ မော်ဒယ်လ်လောကကနေ အနုပညာလောကထဲ ရောက်ရှိလာခဲ့သူလေးပါ ။ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကတော့ မိန်းကလေးတိုင်းအားကျရလောက်အောင် အမိုက်စားဖြစ်နေတာပါ နော် ။ အဆိုတော် သားဂန်းရဲ့ချစ်သူဖြစ်သလို သူမတို့ရဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေကိုအထူးအားကျနေကြတာပါ ။

 

 

သူမရဲ့ စိတ်ခံစားချက်အချို့နဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေ ကို အမြဲမျှဝေပေးတတ်သလို အချစ်နဲ့ပတ်သက်တဲ့ မေတ္တာစာသားလေးတွေကိုလည်း ရေးသားနေကြဖြစ်တဲ့ ဘေဘီမောင်က ” ပြည့်စုံတဲ့အချိန်မှာမာန်တက်စရာမလိုသလိုချို့တဲ့ချိန်မှာ သိမ်ငယ်စရာမလိုဘူးဖြစ်လာတဲ့လောကဓံကိုအကောင်းဆုံးရင်ဆိုင်ပီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းပါစို့နော်ချစ်တဲ့ ဘေဘီမောင” ဆိုတဲ့စာသားလေးနဲ့အတူ မမတစ်ယောက်လို တည်ငြိမ်တဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးထားပါသေးတယ် ။

 

 

သူမကို အရမ်းချစ်ကြတဲ့ မိန်းကလေးပရိသတ်တွေကလည်း သူမရဲ့ အဆိုကိုထောက်ခံပေးနေကြသလို သူမရဲ့ မြန်မာဆန်တဲ့ အလှလေးတွေကိုချီးကျူးမဆုံးဖြစ်နေကြပါတယ် ။ ပရိသတ်တွေကို စိတ်ခွန်အားတွေအမြဲပေးလေ့ရှိတဲ့ ဘေဘီမောင်ရဲ့ အလှပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်အတွက် မျှဝေပေးလိုက်ပါတယ်နော် ။

Source : Baby Maung
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Baby Maung
Emily ( Cele Zone)