တစ်ယောက်ထဲဆိုပေမယ့်လည်း အဆင်ပြေပါတယ်လို့ ပြောလာတဲ့ ဂျင်းနီ

Posted on

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ပုံပြင်တွေထဲက သရုပ်ဆောင်ခဲ့တဲ့ ဟန်နွေငြိမ်းဆိုတဲ့ ကလေးသရုပ်ဆောင်မလေးကို (1990-1995) ခုနှစ်ဖွား လူငယ်တွေ အနေနဲ့ ရင်းနှီးကြဦးမယ် ထင်ပါတယ်။ စွယ်စုံရ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးလေး ဟန်နွေငြိမ်း ခေါ် အဆိုတော် Jenny တဖြစ်လှည့် ဂီတအနုပညာလောကထဲကို တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြန်ပါပြီ ။

 

လတ်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတွေတက်ဖြစ်နေသလို အလှပုံလေးတွေရိုက်ကူးဖြစ်နေတဲ့ ဂျင်းနီကတော့ အလုပ်ကိစ္စနဲ့ မြဝတီက ပြန်ရောက်လာတာမကြာသေးပါဘူး ။ သူမရဲ့ နေ့စဉ်လှုပ်ရှား မှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲတမ်း မျှဝေပေးနေကြမို့ ဒီနေ့မှာလည်း သူမရဲ့ အလှပုံလေးတွေနဲ့အတူ ” တစ်ယောက်တည်းဆိုပေမယ့် အဆင်ပြေပါတယ် ” စာသားလေးနဲ့ ပရိသတ်တွေကိုမျှဝေပေးထားပါသေးတယ် ။ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး သတင်းငြိမ်နေတဲ့ ဂျင်းနီတစ်ယောက်ကတော့ တစ်ယောက်ထဲလဲ အဆင်ပြေတယ်လို့ ဆိုလာတဲ့အတွက် တစ်ကိုယ်တည်းဘဝနဲ့ဖြတ်သန်းနေဟန်တူပါတယ် ပရိသတ်ကြီးရေ ..။

 

ပရိသတ်တွေကို တစ်ယောက်ထဲဖြစ်နေတဲ့ သူမကို ပိုချစ်ပေးဖို့ တောင်းဆိုထားသလို ပရိသတ်တွေကလည်း အမြဲတမ်းပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးထားပါသေးတယ် ။ တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆို တဲ့ဂျင်းနီလေးကို ပရိသတ်တွေက ပိုပိုပြီးချစ်ပေးလိုက်ကြပါဦးနော် ။

Source : Jenny
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်





Source : Jenny
Emily ( Cele Zone )