ကစ်ကစ်ရဲ့စျာပနမှာ အကောင်းဆုံးဖြစ်စေဖို့ အင်တိုက်အားတိုက်လုံးပန်းနေတယ်ဆိုတဲ့ ခင်သဇင်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းက ဘဝတစ်ပါးကူးပြောင်းသွားတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ နောက်ဆုံးခရီးလေး သာယာအေးချမ်း စေဖို့ ကျန်ရစ်သူအနေနဲ့ ခင်သဇင်က အကောင်းဆုံးလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အသိုင်းအဝိုင်းက အနုပညာ ရှင်တွေကလည်း ပံ့ပိုးပေးပြီး ကူညီကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ခင်သဇင်ကပြောခဲ့ပါသေးတယ်။ သူမကို ကစ်ကစ်က ” ညီမလေး မေမေ ” လို့ ခေါ်တတ်ပြီး မိခင်တစ်ယောက်လို ဂရုစိုက်တတ်တဲ့ ညီမလေးမို့ ချစ်စနိုးနဲ့ခေါ်တာ လည်းဖြစ်ပါတယ်။

ကစ်ကစ်မဆုံးခင်ကတည်းက လိုအပ်တာမှန်သမျှ အစစအရာရာ သူမကကူညီပေးပြီး အလှူရှင်တွေကိုလည်း သူမကိုယ်တိုင်ပဲ ရှာပေးခဲ့တာဖြစ်ပါတယ်။ အစစအရာရာ ကူညီစောင့်ရှောက်ပေးပြီး အနီးကပ်နေလာခဲ့တဲ့ သူမ အတွက်တော့ တကယ့်ကို ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုပါပဲ။ အားလုံးကိုပျော်ရွှင်အောင် ဖန်တီးပေးခဲ့သူရဲ့ နောက်ဆုံးခရီးဟာ မျက်ရည်တွေဝေနေခဲ့ပါတယ်။

ကစ်ကစ်ရဲ့နောက်ဆုံးခရီးလေးသာယာအောင် ကြိုးစားနေတဲ့ပုံနဲ့ ကူညီပေးသူတွေကိုလည်း ကျေးဇူးတင်ကြောင်းကို သူမက ” မနက် ဖြန် မကစ် ဈာပန အတွက် အင်တိုက်အားတိုက် လုံးပန်း နောက်ဆုံးခရီးမှာလည်း အကောင်းဆုံးနဲ့ အမြိုင်ဆိုင်ဆုံး ဖြစ်အောင် စီစဉ်နေပါတယ် လာရောက် လှူဒါန်းသူများနှင့် ရုပ်ရှင် အစည်းအရုံးမှ လူကြီးများကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ရှင် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အေးချမ်းတဲ့ဘုံဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ မကစ်ရေ။

Photo – Khin Thzin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ကစ္ကစ္ရဲ႕စ်ာပနမွာ အေကာင္းဆုံးျဖစ္ေစဖို႔ အင္တိုက္အားတိုက္လုံးပန္းေနတယ္ဆိုတဲ့ ခင္သဇင္ ”

ၿပီးခဲ့တဲ့ရက္ပိုင္းက ဘဝတစ္ပါးကူးေျပာင္းသြားတဲ့ ဟာသသ႐ုပ္ေဆာင္ကစ္ကစ္ရဲ႕ ေနာက္ဆုံးခရီးေလး သာယာေအးခ်မ္းေစဖို႔ က်န္ရစ္သူအေနနဲ႔ ခင္သဇင္က အေကာင္းဆုံးလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္အသိုင္းအဝိုင္းက အႏုပညာရွင္ေတြ ကလည္း ပံ့ပိုးေပးၿပီး ကူညီၾကသူေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ခင္သဇင္ကေျပာခဲ့ပါေသးတယ္။ သူမကို ကစ္ကစ္က ” ညီမေလး ေမေမ ” လို႔ ေခၚတတ္ၿပီး မိခင္တစ္ေယာက္လို ဂ႐ုစိုက္တတ္တဲ့ ညီမေလးမို႔ ခ်စ္စႏိုးနဲ႔ေခၚတာလည္းျဖစ္ပါတယ္။

ကစ္ကစ္မဆုံးခင္ကတည္းက လိုအပ္တာမွန္သမွ် အစစအရာရာ သူမကကူညီေပးၿပီး အလႉရွင္ေတြကိုလည္း သူမကိုယ္တိုင္ပဲ ရွာေပးခဲ့တာျဖစ္ပါတယ္။ အစစအရာရာ ကူညီေစာင့္ေရွာက္ေပးၿပီး အနီးကပ္ေနလာခဲ့တဲ့သူမအတြက္ေတာ့ တကယ့္ကို ဝမ္းနည္းစရာအျဖစ္အပ်က္တစ္ခုပါပဲ။ အားလုံးကိုေပ်ာ္႐ႊင္ေအာင္ ဖန္တီးေပးခဲ့သူရဲ႕ ေနာက္ဆုံးခရီးဟာ မ်က္ရည္ေတြေဝေန ခဲ့ပါတယ္။

ကစ္ကစ္ရဲ႕ေနာက္ဆုံးခရီးေလးသာယာေအာင္ ႀကိဳးစားေနတဲ့ပုံနဲ႔ ကူညီေပးသူေတြကိုလည္း ေက်းဇူးတင္ေၾကာင္းကို သူမက ” မနက္ ျဖန္ မကစ္ ဈာပန အတြက္ အင္တိုက္အားတိုက္ လုံးပန္း ေနာက္ဆုံးခရီးမွာလည္း အေကာင္းဆုံးနဲ႔ အၿမိဳင္ဆိုင္ဆုံး ျဖစ္ေအာင္ စီစဥ္ေနပါတယ္ လာေရာက္ လႉဒါန္းသူမ်ားႏွင့္ ႐ုပ္ရွင္ အစည္းအ႐ုံးမွ လူႀကီးမ်ားကိုလည္း အထူးပဲ ေက်းဇူး တင္ပါတယ္ရွင္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ေအးခ်မ္းတဲ့ဘုံဘဝေလးကို ပိုင္ဆိုင္ႏိုင္ပါေစ မကစ္ေရ။

Photo – Khin Thzin
Happy – Cele Zone