ကစ်ကစ်ကို ကူညီခဲ့တဲ့အတွက် ရုပ်ရှင်အစည်းရုံးကပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းရရှိခဲ့တဲ့ ခင်သဇင်

Posted on

ပရိသတ်တွေချစ်ရတဲ့ ဟာသ ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်ဟာ ကျောက်ကပ် ၊ အဆုတ် နဲ့ နှလုံးရောဂါ ဝေဒနာတို့ကို ပြင်းထန်စွာခံစားခဲ့ရပြီး ဆွေမျိုးအသိုင်းအဝိုင်းမရှိတဲ့ ကစ်ကစ်အတွက် အနုပညာရှင် မင်းသမီးချောလေး ခင်သဇင်က ဆေးဖိုးဝါးခနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ အတွက် ကိုယ်ထူကိုယ်ထ ပရဟိတစိတ်နဲ့ အလှူငွေတွေ ကောက်ခံပေးပြီး အစဆုံးကူညီပေးခဲ့ပါတယ် ။ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ လှူဒါန်းတဲ့ငွေကြောင့် ကစ်ကစ်ဟာ ဆေးဝါးကုန်ကျစရိတ်တွေ ရရှိခဲ့ပြီး ကျောက်ကပ်ဆေးဖို့အတွက်လည်း အဆင်ပြေခဲ့ပါတယ် ။

 

 

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကတော့ ရောဂါနဲ့ ဘဝတပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့အတွက် အစစရာရာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ခင်သဇင်ဟာ မိသားစုတစ်ယောက်ဆုံးရှုံးရသလို အရမ်းကို ဝမ်းနည်းကြေကွဲနေခဲ့တာပါ ။ ကွယ်လွန်သူ ဟာသသရုပ်ဆောင်ကစ်ကစ် အတွက် သရုပ်ဆောင် ခင်သဇင်ရဲ့ ပရဟိတစိတ်အပြည့် နဲ့ အကျိုးဆောင်ရွက်ခဲ့တာတွေအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှကနေ မှတ်တမ်းတင် ဂုဏ်ပြုလိုက်တယ်လို့သိရပါတယ် ။

 

မိသားစုဝင်လဲမဟုတ်သလို သွေးမတော်သားမစပ်တဲ့ ကစ်ကစ်အတွက် အနုပညာမောင်နှမ စိတ်ဓာတ်နဲ့ ကျန်းမာရေးမကောင်းတဲ့ကာလကစပြီး ကွယ်လွန်တဲ့အထိ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ခင်သဇင်ရဲ့ စိတ်ဓာတ်ကကတော့ တကယ်ကို မလေးစားပဲ မနေနိုင်လောက်အောင်ပါပဲ ။ ခင်သဇင်ရဲ့ ပရဟိတစိတ်ကြောင့် ဂုဏ်ပြုမှတ်တမ်းရရှိခဲ့တဲ့အတွက် ပရိသတ်နဲ့ထပ်တူ ဝမ်းသာပါတယ် ။ ပရိသတ်ကြီးကလည်း ခင်သဇင်အတွက်ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး ။

Source : Khin Thazin
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

ကစ္ကစ္ကို ကူညီခဲ့တဲ့အတြက္ ရုပ္ရွင္အစည္းရံုးကေပးအပ္တဲ့ ဂုဏ္ျပဳမွတ္တမ္းရရွိခဲ့တဲ့ ခင္သဇင္

 

ပရိသတ္ေတြခ်စ္ရတဲ့ ဟာသ ဇာတ္ပို႕သရုပ္ေဆာင္ ကစ္ကစ္ဟာ ေက်ာက္ကပ္ ၊ အဆုတ္ နဲ႔ နွလံုးေရာဂါ ေ၀ဒနာတို႕ကို ျပင္းထန္စြာခံစားခဲ့ရျပီး ေဆြမ်ိဳးအသိုင္းအ၀ိုင္းမရွိတဲ့ ကစ္ကစ္အတြက္ အနုပညာရွင္ မင္းသမီးေခ်ာေလး ခင္သဇင္က ေဆးဖိုး၀ါးခနဲ႔ အေထြေထြ ကုန္က်စရိတ္ေတြ အတြက္ ကိုယ္ထူကိုယ္ထ ပရဟိတစိတ္နဲ႔ အလွဴေငြေတြ ေကာက္ခံေပးျပီး အစဆံုးကူညီေပးခဲ့ပါတယ္ ။ အနုပညာရွင္ေတြနဲ႔ ပရိသတ္ေတြ လွဴဒါန္းတဲ့ေငြေၾကာင့္ ကစ္ကစ္ဟာ ေဆး၀ါးကုန္က်စရိတ္ေတြ ရရွိခဲ့ျပီး ေက်ာက္ကပ္ေဆးဖို႕အတြက္လည္း အဆင္ေျပခဲ့ပါတယ္ ။

ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႔ နုိ္၀င္ဘာလ (၂၆) ရက္ေန႕ကေတာ့ ေရာဂါနဲ႔ ဘ၀တပါးသို႕ ကူးေျပာင္းကြယ္လြန္သြားခဲ့တဲ့အတြက္ အစစရာရာ ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ ခင္သဇင္ဟာ မိသားစုတစ္ေယာက္ဆံုးရံႈးရသလို အရမ္းကို ၀မ္းနည္းေၾကကြဲေနခဲ့တာပါ ။ ကြယ္လြန္သူ ဟာသသ႐ုပ္​ေဆာင္ကစ္ကစ္ အတြက္ သ႐ုပ္​ေဆာင္ ခင္သဇင္ရဲ႕ ပရဟိတစိတ္အျပည့္ နဲ႔ အက်ိဳး​ေဆာင္ရြက္ခဲ့တာေတြအတြက္ ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွကေန မွတ္တမ္းတင္ ဂုဏ္ျပဳလိုက္တယ္လို႕သိရပါတယ္ ။

မိသားစု၀င္လဲမဟုတ္သလို ေသြးမေတာ္သားမစပ္တဲ့ ကစ္ကစ္အတြက္ အနုပညာေမာင္နွမ စိတ္ဓာတ္နဲ႔ က်န္းမာေရးမေကာင္းတဲ့ကာလကစျပီး ကြယ္လြန္တဲ့အထိ ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ ခင္သဇင္ရဲ႕ စိတ္ဓာတ္ကကေတာ့ တကယ္ကို မေလးစားပဲ မေနနိုင္ေလာက္ေအာင္ပါပဲ ။ ခင္သဇင္ရဲ႕ ပရဟိတစိတ္ေၾကာင့္ ဂုဏ္ျပဳမွတ္တမ္းရရွိခဲ့တဲ့အတြက္ ပရိသတ္နဲ႔ထပ္တူ ၀မ္းသာပါတယ္ ။ ပရိသတ္ၾကီးကလည္း ခင္သဇင္အတြက္ဂုဏ္ျပဳစကားေလးေတြ ေျပာေပးခဲ့ပါဦး ။

Source : Khin Thazin
Emily ( Cele Zone )