အနုပညာလမ်းကြောင်းပေါ် သူမရဲ့အလှပဆုံး​ခြေလှမ်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ကို ဂါရဝပြုလိုက်တဲ့ ပက်ထရစ်ရှာ

Posted on

ဘိုဆန်ဆန်မျက်နှာလေးနဲ့ချစ်ဖို့ကောင်းတဲ့ရှာရှာရဲ့ အောင်မြင်တဲ့ဇာတ်ကားလေးဖြစ်တဲ့ ” မကြွေပါနဲ့ ဆာကူရာ ” ဇာတ်ကားလေးကိုတော့ ပရိသတ်ကြီးသိကြမှာပါနော်။ ဒီဇာတ်ကားလေးကို ကြိုက်လွန်းလို့ ပရိသတ်တွေက အပိုင်းဆက်တွေထပ်ထွက်ပေးဖို့တောင် တောင်းဆိုရတဲ့အထိပါပဲ။ ဒီဇာတ်ကားလေးဟာ ရှာရှာရဲ့ ပထမဆုံး ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်ကားမှာပဲ သူမကအောင်မြင်ခဲ့ပါတယ်။

သူမရဲ့ပထမဆုံးဇာတ်ကားဖြစ်ပြီး ဒါရိုက်တာနဲ့ မင်းသားဟာလည်း နာမည်ကြီးတွေဖြစ်တာကြောင့် သူမကိုယ်သူမ လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဝင်ခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့ပထမဆုံးဇာတ်ကားဖြစ်ပြီး သူမကိုယုံယုံကြည်ကြည်နဲ့ အလုပ်အပ်တဲ့ ဒါရိုက်တာနဲ့ ပရိုဂျူဆာကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။

သူမရဲ့ရင်တွင်းခံစားချက်တစ်ချို့ကို ” ဦးဇော် (အာရုံဦး) နဲ့ အန်တီသီတာတို့ကြောင့် ရှာရှာသိပ်ဖြစ်ချင်ခဲ့တဲ့ ရှာရှာ့ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ “မင်းသမီး” တစ်လတ်ဖြစ်လာခဲ့တာပါ မကြွေပါနဲ့ ဆာကူရာ ကားလေးရိုက်ဖို့အတွက် နိုင်ငံခြားသူမျက်နှာပေါက်လေးလည်းဖြစ်ရမယ် မျက်နှာသစ်မင်းသမီးလေးလည်းဖြစ်ရမယ်
“Patricia” ဆိုတဲ့ကောင်မလေးနဲ့ဒီဇာတ်လေးနဲ့လိုက်ဖက်တယ်ဆိုပြီး ရှာရှာ့ကိုကမ်းလှမ်းခဲ့တဲ့ အန်တီသီတာကိုကျေးဇူးအများကြီးတင်ပါတယ် ကိုယ် စရိုက်မယ့်ကားမှာပဲ တကယ်ကိုတော်တဲ့စာရေးဆရာမ မပုညခင်ရဲ့ဝတ္ထုလေးလည်းဖြစ် ဒါရိုက်တာကလည်းတကယ့်ကို talented နိုင်ငံကျော်နာမည်ကြီးဒါရိုက်တာဖြစ်ပြန် တွဲရိုက်ရမယ့်မင်းသားကလည်းကိုယ့်ရဲ့ celebrity crush အကြီးမားဆုံး idol ကြီးဖြစ်နေလို့ ရင်တွေလည်းခုန် အလွန်အမင်းတွေပျော် စိတ်တွေလည်းလှုပ်ရှား ငါလုပ်နိုင်ပါ့မလားလို့ကြိုတွေးပြီးစိုးရိမ်ပူပန်စိတ်တွေကလည်းများ လူကလေပေါ်ကိုလွင့်နေခဲ့တဲ့အချိန်လေးတွေကအမှတ်တရပါပဲ နောက်ထပ်ဇာတ်ကားကောင်းလေးတွေမှာလည်း ဦးဇော်ခေါ်ရိုက်ခဲ့လို့ ရှာရှာ့ကိုအားပေးတဲ့ပရိသတ်တွေတိုးလာခဲ့တယ် ဦးဇော်နဲ့ရိုက်ခဲ့တဲ့ ‘မကြွေပါနဲ့ ဆာကူရာ’ ရယ် ‘ဦးရဲ့အရုပ်’ ရယ်ကအခုအချိန်အထိဘယ်အချိန်ပြန်ကြည့်ကြည့်ပရိသတ်မရိုးအီနိုင်တဲ့ ပရိသတ်တွေပါးစပ်ဖျားမှာ အမြဲမှတ်မှတ်ရရရှိနေတဲ့ဇာတ်ကားကောင်းလေးတွေပါ အဲ့ဒီဇာတ်ကားကောင်းလေးတွေကြောင့် “ပက်ထရစ်ရှာ” ရယ်လို့ဖြစ်လာခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တာပါ ရိုက်ကွင်းပေါ်မှာ ဦးဇော် ဆူခဲ့ ရိုက်ခဲ့တာတွေကိုမုန်းခဲ့ဖူးတယ် ဒီဒါရိုက်တာကြီးကအပေါက်ဆိုးလိုက်တာလို့ပဲမြင်ခဲ့မိတာ အဲ့ဒီနောက်ပိုင်းဦးဇော်နဲ့ ရုပ်ရှင်တွေရိုက်လာတာများလာတဲ့အခါကျမှပဲဦးဇော်ရဲ့ဖြူစင်တဲ့စိတ်ရင်းအမှန်ကိုနားလည်လာတာ ကောင်းဟန်ဆောင်အချိုသပ်ပြီးမှဝိုင်းတွန်းချကြတဲ့လူတွေ အပေါ်ယံလူတွေနဲ့တွေ့ရပါများလာတော့မှ ကိုယ့်အပေါ်စိတ်ရင်းစေတနာနဲ့အမုန်းခံပြီး ဆူတစ်လှည့် ချော့တစ်လှည့် ပညာတွေသင်ကြားပေးခဲ့တဲ့ ဦးဇော်ရဲ့စေတနာတွေကိုပိုပြီးတန်ဖိုးထားတတ်လာတယ် ရှာရှာ့ရဲ့ဘဝမှာ မိဘပြီးရင် ဦးဇော်နဲ့ ကိုရဲထွဋ်ခေါင် တို့ကရှာရှာရိုသေလေးစားရတဲ့ပုဂ္ဂိုလ်တွေပါ အမြဲမတွေ့ဖြစ်ကြပေမယ့် စိတ်ထဲမှာတော့အမြဲရှိတာအမှန်ပါ ရှာရှာ့အပေါ်ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်တွေကိုရှာရှာအသက်ရှင်နေသရွေ့ဘယ်တော့မှမမေ့ဘူး ရင်ထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ကိုအမြဲကျေးဇူးတင်နေမှာပါ ချစ်တယ် ဦးဇော်ရေ ” ဆိုပြီးဖော်ပြခဲ့ပါတယ်။

Photo – Shu Sha Naing
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အႏုပညာလမ္းေၾကာင္းေပၚ သူမရဲ႕အလွပဆုံး​ေျခလွမ္းေတြကို ဖန္တီးေပးခဲ့တဲ့ ဒါ႐ိုက္တာ ကိုေဇာ္ (အာ႐ုဏ္ဦး) ကို ဂါရဝျပဳလိုက္တဲ့ ပက္ထရစ္ရွာ ”

ဘိုဆန္ဆန္မ်က္ႏွာေလးနဲ႔ခ်စ္ဖို႔ေကာင္းတဲ့ရွာရွာရဲ႕ ေအာင္ျမင္တဲ့ဇာတ္ကားေလးျဖစ္တဲ့ ” မေႂကြပါနဲ႔ ဆာကူရာ ” ဇာတ္ကားေလးကိုေတာ့ ပရိသတ္ႀကီးသိၾကမွာပါေနာ္။ ဒီဇာတ္ကားေလးကို ႀကိဳက္လြန္းလို႔ ပရိသတ္ေတြက အပိုင္းဆက္ေတြထပ္ထြက္ေပးဖို႔ေတာင္ ေတာင္းဆိုရတဲ့အထိပါပဲ။ ဒီဇာတ္ကားေလးဟာ ရွာရွာရဲ႕ ပထမဆုံး ဇာတ္ကားေလးျဖစ္ၿပီး ဒီဇာတ္ကားမွာပဲ သူမကေအာင္ျမင္ခဲ့ပါတယ္။

သူမရဲ႕ပထမဆုံးဇာတ္ကားျဖစ္ၿပီး ဒါ႐ိုက္တာနဲ႔ မင္းသားဟာလည္း နာမည္ႀကီးေတြျဖစ္တာေၾကာင့္ သူမကိုယ္သူမ လုပ္ႏိုင္ပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြ ဝင္ခဲ့တယ္လို႔ဆိုပါတယ္။ သူမရဲ႕ပထမဆုံးဇာတ္ကားျဖစ္ၿပီး သူမကိုယုံယုံၾကည္ၾကည္နဲ႔ အလုပ္အပ္တဲ့ ဒါ႐ိုက္တာနဲ႔ ပ႐ိုဂ်ဴဆာကို ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါေသးတယ္။

သူမရဲ႕ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ကို ” ဦးေဇာ္ (အာ႐ုံဦး) နဲ႔ အန္တီသီတာတို႔ေၾကာင့္ ရွာရွာသိပ္ျဖစ္ခ်င္ခဲ့တဲ့ ရွာရွာ့ရဲ႕အိပ္မက္တစ္ခုျဖစ္တဲ့ “မင္းသမီး” တစ္လတ္ျဖစ္လာခဲ့တာပါ မေႂကြပါနဲ႔ ဆာကူရာ ကားေလး႐ိုက္ဖို႔အတြက္ ႏိုင္ငံျခားသူမ်က္ႏွာေပါက္ေလးလည္းျဖစ္ရမယ္ မ်က္ႏွာသစ္မင္းသမီးေလးလည္းျဖစ္ရမယ္
“Patricia” ဆိုတဲ့ေကာင္မေလးနဲ႔ဒီဇာတ္ေလးနဲ႔လိုက္ဖက္တယ္ဆိုၿပီး ရွာရွာ့ကိုကမ္းလွမ္းခဲ့တဲ့ အန္တီသီတာကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကိုယ္ စ႐ိုက္မယ့္ကားမွာပဲ တကယ္ကိုေတာ္တဲ့စာေရးဆရာမ မပုညခင္ရဲ႕ဝတၳဳေလးလည္းျဖစ္ ဒါ႐ိုက္တာကလည္းတကယ့္ကို talented ႏိုင္ငံေက်ာ္နာမည္ႀကီးဒါ႐ိုက္တာျဖစ္ျပန္ တြဲ႐ိုက္ရမယ့္မင္းသားကလည္းကိုယ့္ရဲ႕ celebrity crush အႀကီးမားဆုံး idol ႀကီးျဖစ္ေနလို႔ ရင္ေတြလည္းခုန္ အလြန္အမင္းေတြေပ်ာ္ စိတ္ေတြလည္းလႈပ္ရွား ငါလုပ္ႏိုင္ပါ့မလားလို႔ႀကိဳေတြးၿပီးစိုးရိမ္ပူပန္စိတ္ေတြကလည္းမ်ား လူကေလေပၚကိုလြင့္ေနခဲ့တဲ့အခ်ိန္ေလးေတြကအမွတ္တရပါပဲ ေနာက္ထပ္ဇာတ္ကားေကာင္းေလးေတြမွာလည္း ဦးေဇာ္ေခၚ႐ိုက္ခဲ့လို႔ ရွာရွာ့ကိုအားေပးတဲ့ပရိသတ္ေတြတိုးလာခဲ့တယ္ ဦးေဇာ္နဲ႔႐ိုက္ခဲ့တဲ့ ‘မေႂကြပါနဲ႔ ဆာကူရာ’ ရယ္ ‘ဦးရဲ႕အ႐ုပ္’ ရယ္ကအခုအခ်ိန္အထိဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ပရိသတ္မ႐ိုးအီႏိုင္တဲ့ ပရိသတ္ေတြပါးစပ္ဖ်ားမွာ အၿမဲမွတ္မွတ္ရရရွိေနတဲ့ဇာတ္ကားေကာင္းေလးေတြပါ အဲ့ဒီဇာတ္ကားေကာင္းေလးေတြေၾကာင့္ “ပက္ထရစ္ရွာ” ရယ္လို႔ျဖစ္လာခဲ့ၿပီး ပရိသတ္အခ်စ္ကိုရရွိခဲ့တာပါ ႐ိုက္ကြင္းေပၚမွာ ဦးေဇာ္ ဆူခဲ့ ႐ိုက္ခဲ့တာေတြကိုမုန္းခဲ့ဖူးတယ္ ဒီဒါ႐ိုက္တာႀကီးကအေပါက္ဆိုးလိုက္တာလို႔ပဲျမင္ခဲ့မိတာ အဲ့ဒီေနာက္ပိုင္းဦးေဇာ္နဲ ႔႐ုပ္ရွင္ေတြ႐ိုက္လာတာမ်ားလာတဲ့အခါက်မွပဲဦးေဇာ္ရဲ႕ျဖဴစင္တဲ့စိတ္ရင္းအမွန္ကိုနားလည္လာတာ ေကာင္းဟန္ေဆာင္အခ်ိဳသပ္ၿပီးမွဝိုင္းတြန္းခ်ၾကတဲ့လူေတြ အေပၚယံလူေတြနဲ႔ေတြ႕ရပါမ်ားလာေတာ့မွ ကိုယ့္အေပၚစိတ္ရင္းေစတနာနဲ႔အမုန္းခံၿပီး ဆူတစ္လွည့္ ေခ်ာ့တစ္လွည့္ ပညာေတြသင္ၾကားေပးခဲ့တဲ့ ဦးေဇာ္ရဲ႕ေစတနာေတြကိုပိုၿပီးတန္ဖိုးထားတတ္လာတယ္ ရွာရွာ့ရဲ႕ဘဝမွာ မိဘၿပီးရင္ ဦးေဇာ္နဲ႔ ကိုရဲထြဋ္ေခါင္ တို႔ကရွာရွာ႐ိုေသေလးစားရတဲ့ပုဂၢိဳလ္ေတြပါ အၿမဲမေတြ႕ျဖစ္ၾကေပမယ့္ စိတ္ထဲမွာေတာ့အၿမဲရွိတာအမွန္ပါ ရွာရွာ့အေပၚေက်းဇူးရွိခဲ့တဲ့ေက်းဇူးရွင္ေတြကိုရွာရွာအသက္ရွင္ေနသေ႐ြ႕ဘယ္ေတာ့မွမေမ့ဘူး ရင္ထဲကေနလႈိက္လႈိက္လွဲလွဲနဲ႔ကိုအၿမဲေက်းဇူးတင္ေနမွာပါ ခ်စ္တယ္ ဦးေဇာ္ေရ ” ဆိုၿပီးေဖာ္ျပခဲ့ပါတယ္။

Photo – Shu Sha Naing
Happy – Cele Zone