အံ့သြစရာကောင်းလောက်အောင်ကို ငယ်ရုပ်မပျောက်သေးတဲ့ ဥက္ကာမင်းမောင်

Posted on

လူတိုင်းမှာငယ်ဘဝအမှတ်တရဆိုတာတော့ ရှိကြစမြဲပါပဲ။ ကိုယ်ကလေးဘဝတုန်းက ကိုယ့်ပုံလေးကိုယ်ပြန်ကြည့်ပြီး ချစ်ဖူးတဲ့သူတွေပရိသတ်ကြီးထဲမှာရှိလား။ ဥက္ကာမင်းမောင်ကလည်း သူ့ရဲ့အသက်ငါးလတုန်းက ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ အသည်းယားစရာတစ်တုတ်လေးက အခုဆိုအရမ်းကိုချောမော သန့်ပြန့်နေတဲ့ ဂျန်းတဲမန်းတစ်ယောက်ဖြစ်လို့နေပါပြီ။

ချစ်သူနဲ့အတူ အမေရိကမှာနေထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်းသိပ်ချစ်လွန်းကြပါတယ်။ သာယာပျော်ရွှင်ရတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ ဥက္ကာမင်းမောင်ကတော့ လက်ရှိမှာအရမ်းကို ပျော်ရွှင်နေတာ အသေအချာပါပဲ။ ချစ်သူနဲ့အတူတူရှိရတဲ့အချိန်တိုင်းက ပျော်စရာမရှိပဲ ဘယ်နေပါ့မလဲနော်။ သိပ်ဂရုစိုက်လွန်းတဲ့ချစ်သူကလည်း ဥက္ကာကို တန်ဖိုးထားတာသိသာနေပါတယ်။

ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းတဲ့တစ်တုတ်လေး ဥက္ကာမင်းမောင်က အသက်ကြီးလာတော့လည်း အမိုက်စားဘော်ဒီနဲ့ ချောမောသန့်ပြန့်တဲ့ အမျိုးသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူငယ်ငယ်တုန်းက ပုံရိပ်လေးတွေကို ” When I was a baby, 5 months old little Okkar. ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးမှာရော ငယ်ဘဝအမှတ်တဏလေးတွေရှိရင် ပြောပေးခဲ့ပါဦးနော်။

Photo – Ye Htoo Win
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Ye Htoo Win
Happy – Cele Zone