ဆုံးပါးသွားတဲ့ကစ်ကစ်ရဲ့နာရေးအတွက် အလှူငွေလှူတန်းခဲ့တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်

Posted on

26.11.2019 ရက်နေ့မနက် ၁၀ နာရီ ၄၀ မိနစ်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ရဲ့ နာရေးအတွက် ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ယောက်က လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေအများကြီးရလာပြီး အခြေအနေတွေအားလုံးအဆင်ပြေခါနီးမှ အခုလိုရုတ်တရက်ကြီးဆုံးပါးသွားခဲ့တာကြောင့် အားလုံးက မယုံနိုင်ခြင်းတွေနဲ့ စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။

လှူပြီးသားအလှူရှင်တွေကို အလှူငွေလက်ခံခဲ့တဲ့ ခင်သဇင်က ငွေတွေပြန်လွှဲပေးရမလားလို့မေးမြန်းခဲ့တဲ့ အချိန်မှာပဲ အားလုံးလိုလိုက စျာပနအတွက်ပဲ အသုံးပြုဖို့ပြောခဲ့ကြပါတယ်။ ကစ်ကစ်ကို အားလုံးက ပြန်လည်ကျန်းမာလာမယ်လို့မျှော်လင့်ခဲ့ကြပေမယ့် အခုလိုရုတ်တရက်ကြီးထွက်ခွာသွားတာကြောင့် အနုပညာရှင်တော်တော်များများကလည်း ဝမ်းနည်းကြောင်းစာလေးတွေရေးတင်ခဲ့ကြပါတယ်။

ကစ်ကစ်ဆုံးပြီးသိပ်မကြာခင်မှာပဲ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အလှူငွေစာအိတ်လေးကို ခင်သဇင်က သူမရဲ့ ဖေ့ဘွတ်ခ်မိုင်ဒေးမှာတင်ခဲ့တာပဲဖြစ်ပါတယ်။ ရောဂါဝေဒနာတွေခံစားနေရတာတွေကနေ ဝဋ်ကျွတ်သွားခဲ့ပြီလို့ဖြေသာပေမယ့် ထွက်သွားခဲ့တာအရမ်းကို စောလွန်းနေတာကြောင့် ခင်သဇင်လည်းအရမ်းကို ဝမ်းနည်းနေပုံပါ။ အနီးကပ်ပြုစုခဲ့တဲ့သူမက ပိုပြီးခံစားရမယ်ဆိုတာ သေချာသလောက်ပါပဲ။ ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေ။

Photo – Khin Thazin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ဆုံးပါးသြားတဲ့ကစ္ကစ္ရဲ႕နာေရးအတြက္ အလႉေငြလႉတန္းခဲ့တဲ့ ေျပတီဦးနဲ႕အိႏၵျာေက်ာ္ဇင္ ”

ဒီေမ့မနက္ ၁၀ နာရီ ၄၀ မိနစ္မွာပဲ ဘဝတစ္ပါးကို ကူးေျပာင္းသြားၿပီျဖစ္တဲ့ ဟာသသ႐ုပ္ေဆာင္ကစ္ကစ္ရဲ႕ နာေရးအတြက္ ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္က လႉတန္းခဲ့တာပဲျဖစ္ပါတယ္။ အလႉရွင္ေတြအမ်ားႀကီးရလာၿပီး အေျခအေနေတြအားလုံးအဆင္ေျပခါနီးမွ အခုလို႐ုတ္တရက္ႀကီးဆုံးပါးသြားခဲ့တာေၾကာင့္ အားလုံးက မယုံႏိုင္ျခင္းေတြနဲ႔ စိတ္မေကာင္းျဖစ္ေနခဲ့ရပါတယ္။

လႉၿပီးသားအလႉရွင္ေတြကို အလႉေငြလက္ခံခဲ့တဲ့ ခင္သဇင္က ေငြေတြျပန္လႊဲေပးရမလားလို႔ေမးျမန္းခဲ့တဲ့ အခ်ိန္မွာပဲ အားလုံးလိုလိုက စ်ာပနအတြက္ပဲ အသုံးျပဳဖို႔ေျပာခဲ့ၾကပါတယ္။ ကစ္ကစ္ကို အားလုံးက ျပန္လည္က်န္းမာလာမယ္လို႔ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ အခုလို႐ုတ္တရက္ႀကီးထြက္ခြာသြားတာေၾကာင့္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း ဝမ္းနည္းေၾကာင္းစာေလးေတြေရးတင္ခဲ့ၾကပါတယ္။

ကစ္ကစ္ဆုံးၿပီးသိပ္မၾကာခင္မွာပဲ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ရဲ႕ အလႉေငြစာအိတ္ေလးကို ခင္သဇင္က သူမရဲ႕ ေဖ့ဘြတ္ခ္မိုင္ေဒးမွာတင္ခဲ့တာပဲျဖစ္ပါတယ္။
ေရာဂါေဝဒနာေတြခံစားေနရတာေတြကေန ဝဋ္ကြၽတ္သြားခဲ့ၿပီလို႔ေျဖသာေပမယ့္ ထြက္သြားခဲ့တာအရမ္းကို ေစာလြန္းေနတာေၾကာင့္ ခင္သဇင္လည္းအရမ္းကို ဝမ္းနည္းေနပုံပါ။ အနီးကပ္ျပဳစုခဲ့တဲ့သူမက ပိုၿပီးခံစားရမယ္ဆိုတာ ေသခ်ာသေလာက္ပါပဲ။ ေကာင္းရာဘုံဘဝကို ေရာက္ရွိႏိုင္ပါေစ။

Photo – Khin Thazin
Happy – Cele Zone