Oasix ရဲ့သီချင်းနဲ့ ပရိသတ်တွေကို အခွီလုပ်ပြလိုက်တဲ့ ခင်လှိုင်

Posted on

ခင်လှိုင်ကတော့ ဟာသလူရွှင်တော် တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်သလို ရှုတင်မှာလည်း အမြဲတမ်းစနောက် နေတတ်တဲ့ လူပျော်တစ်ယောက်ပါ ။ ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေနဲ့ အချိန်နဲ့တပြေးညီ မျှဝေပေးတတ်ပါသေးတယ် ။

 

 

ခုခေတ် လူငယ်တွေ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ Oasix ရဲ့သီချင်းလေးနဲ့လည်း ပရိသတ်တွေကို စနောက်လိုက်ပြန်ပါပြီနော် ။ ” ဆံပင်ရှည်..ထားမယ်ကွာ နန်းဆန်တာပေါ့… ဟင်..ညှပ်မယ် အတိုနဲ့လိုက်တယ် …. ” ဆိုတဲ့စာသားလေးနဲ့အတူ ဆံပင်အရှည်နဲ့ ပုံရိပ်တွေနဲ့ ဆံပင်အတို ပုံရိပ်တွေကို ယှဉ်ပြီး ပရိသတ်တွေကို လူငယ်ဆန်ဆန် စနောက်လိုက်တာပဲဖြစ်ပါတယ် ။ ခေတ်ကာလသားသမီးတွေနဲ့အပြိုင်ဂေါ်နိုင်တဲ့ခင်လှိုင်ကတော့ အရမ်းကို မိုက်တဲ့ အဖေပါပဲ ပရိသတ်ကြီးရေ ..။

 

 

ပရိသတ်ကြီးအတွက် ခင်လှိုင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ခင်လှိုင်ရဲ့ အမိုက်စားပုံရိပ်တွေအတွက် မှတ်ချက်လေးတစ်ခုခုပေးခဲ့ပါဦးနော် ။

Source : Khin Hlaing
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Khin Hlaing
Emily ( Cele Zone )