မုံရွာကလေးဆေးရုံက ဒုက္ခရောက်နေတဲ့ကလေးငယ်လေးတွေအတွက် အသက်ရှုစက်ငါးလုံး လှူတန်းခဲ့တဲ့ ဆွိဝတ်ရည်သောင်း

Posted on

သောင်းညီမတွေကို ပရိသတ်ကြီးလည်းသိမှာပေါ့နော်။ ညီမသုံးယောက်လုံးက ပရိသတ်ကြီးနဲ့ မစိမ်းတဲ့အနုပညာလုပ်ငန်း တွေလုပ်ဖူးသူတွေပါပဲ။ လက်ရှိမှာတော့ မအေးသောင်းကပဲ အနုပညာအလုပ်တွေကိုလုပ်နေပြီး အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ တိုင်းတပါးမှာပဲ အချေခြနေထိုင်နေပါတယ်။ ညီမအငယ်ဆုံးလေး ဆွိဝတ်ရည်သောင်း ကတော့ သီချင်းလေး ထွက်ရှိထားပြီး ချစ်ခင်အားပေးတဲ့ပရိသတ်တွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။

အနုပညာအလုပ်တွေမှာသိပ်မတွေ့ရပေမယ့် သူမကလည်းအနုပညာပိုးပါသူလေး တစ်ယောက် ပါပဲ။ ဒီနေ့မှာတော့ ဆွိဝတ်ရည်သောင်းတစ်ယောက် ဒုက္ခရောက်နေတဲ့ မုံရွာဆေးရုံက ကုသမှုခံယူ နေရတဲ့ ကလေးငယ်လေးတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အသက်ရှုစက်လေးကို လှူဒါန်းခဲ့ တာပဲဖြစ်ပါတယ်။ သနားစရာကလေးငယ်လေးတွေရဲ့ ပုံရိပ်လေး တွေက မမြင်ရက်စရာပါ။

လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာကို အတိအကျလှူတန်းလိုက်နိုင်တဲ့ ပီတိကတော့ ပြောစရာမလိုအောင် ပြည့်ဝနေမှာ အသေအချာပါပဲ။ သူမရဲ့ကြည်နူးစရာအလှူလေးကို ” မုံရွာကလေးဆေးရုံမှာ ကလေးလူနာတွေများပြီး ကုသမှုပစ္စည်းတွေ မလောက်လို့ အရေးပေါ် လိုအပ်တဲ့အသက်ရှူစက်လေး လှုဒါန်းလိုက်ပါတယ်။ ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

Photo – Sweet Wut Yi Thaung
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone