Secret File ဇာတ်လမ်းတွဲလေးကို အောင်မြင်စွာရိုက်ကူးပြီးစီးသွားတဲ့ မအေးသောင်း

Posted on

မြန်မာဆန်ဆန် ၊ နန်းဆန်လွန်းတဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေ တခဲနက်အားပေးခြင်းခံခဲ့ရတဲ့ မအေးသောင်းကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေရပြီဖြစ်ပါတယ် ။ အနုပညာလောက ကနေ အတန်ကြာပျောက်ကွယ်နေခဲ့ရာကနေ မုန်းစွဲ ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တဖန် ပြန်လည်ရရှိလာခဲ့ပြီး ဇာတ်ပို့ဆုရမယ်လို့တောင် ထင်ကြေးပေးခံခဲ့ရတာပါ ။

 

 

 

မအေးသောင်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ SECRET FILE “လျို့ဝှက်ဖိုင်” ဇာတ်လမ်းတွဲလေးရိုက်ကူးပြီးသွားပြီလို့သိရပါတယ် ။ အရမ်းကြိုက်တဲ့ဇာတ်ရုပ် ဇာတ်လမ်းဇာတ်ညွှန်းတွေနဲ့ရိုက်ခွင့်ရတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာရသလို သူမ အကြိုက်ဆုံးတချက်ကတော့ ” ဒါရိုက်တာ ထူးနွယ်အိမ် က မိန်းကလေး
ကြည့်တော့သာအေးတိအေးစက် ရိုက်ရင်တော့သရုပ်ဆောင်တွေကို လုံးဝအလျော့မပေးတာကိုလည်း
ကျေနပ်မိတယ် ” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာတွေ့ရပါတယ် ။

 

 

 

 

 

 

 

မိန်းမဒါရိုက်တာတွေအများကြီးထပ်ထွက်လာပါစေချင်သလို Lavender Video’s ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမကရေးသားထားပါသေးတယ် ။ ဒီဇာတ်ကားလေးကတော့ နာမည်လိုက်အောင်ဘယ်လို လျှို့ဝှက်ချက်တွေနဲ့ ပရိသတ်တွေကို စိတ်ဝင်စားအောင်ဖမ်းစားဦးမလဲဆိုတာကတော့ရင်ခုန်စရာပါပဲ ။

 

 

 

Source :Aye Thaung
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်


 




Source :Aye Thaung
Emily ( Cele Zone )