သရဲကားကြည့်နေတဲ့ မိန်းမနဲ့သားကို ဆေးအကြီးကြီးထိုးလိုက်တဲ့ အဆိုတော်ဟဲလေး

Posted on

အဆိုတော် ဟဲလေးကေတော့ ပရိသတ်တွေရဲ့ရင်ထဲကိုနှစ်ပေါင်းများစွာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဟဲလေးရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ယနေ့အချိန်ထိရေပန်းစားနေဆဲဖြစ်ပြီး အောင်မြင်မှုသရဖူတွေကိုဆွတ်ခူးထားနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှာအောင်မြင်သလို အပြင်လောကမှာလည်း သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ ။

 

သူငယ်ချင်းတွေကို အမြဲတမ်းစနောက်ဆေးထိုးတတ်တဲ့ ဟဲလေးကတော့ မိတ်ဆွေအပေါင်းသင်းတွေတင်မကဘူး အိမ်က သားသား နှစ်ယောက်နဲ့ ဇနီးဖြစ်သူကိုပါ ဆေးအကြီးကြီးထိုးလိုက်ပါပြီနော် ။ သရဲကားကြည့်ရင်း ကြောက်နေတဲ့ သားသားနှစ်ယောက်နဲ့ ချစ်ဇနီးရဲ့ Snap ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဆေးထိုးပြီးတင်ခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဒီပို့စ်လေးအောက်မှာ အဖေက ဘယ်နားပုန်းနေလဲလို့ စနောက်နေကြပြီး ပရိသတ်တွေနဲ့ရင်းရင်းနှီးနှီးမှတ်ချက်တွေ အပြန်လှန်ပေးနေကြတာကိုလည်းတွေ့ရပါတယ် ။

 

ဟဲလေးတို့မိသားစုကတော့ ပရိသတ်တွေအားကျနေရတဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးလို့ ဆိုရင်လည်း မမှားပါဘူး နော် ။ ချစ်ပရိသတ်ကြီးအတွက် ဟဲလေးတို့မိသားစုရဲ့သရဲကားကြည့်ရင်းဆေးထိုးခံရတဲ့ ပုံရိပ်လေးကိုတွေ မျှဝေပေးလိုက်ပြီနော် ။

Source : Naing Lin Aung
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

သရဲကားၾကည့္ေနတဲ့ မိန္းမနဲ႔သားကို ေဆးအႀကီးႀကီးထိုးလိုက္တဲ့ အဆိုေတာ္ဟဲေလး

အဆိုေတာ္ ဟဲေလးကေေတာ့ ပရိသတ္ေတြရဲ႕ရင္ထဲကိုႏွစ္ေပါင္းမ်ားစြာေနရာယူထားႏိုင္တဲ့ အဆိုေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ ဟဲေလးရဲ႕ သီခ်င္းေတြက ပရိသတ္ေတြၾကားမွာ ယေန႔အခ်ိန္ထိေရပန္းစားေနဆဲျဖစ္ၿပီး ေအာင္ျမင္မႈသရဖူေတြကိုဆြတ္ခူးထားႏိုင္တဲ့ အနပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ အနုပညာေလာကမွာေအာင္ျမင္သလို အျပင္ေလာကမွာလည္း သာယာတဲ့မိသားစုဘ၀ေလးကို ပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ပါ ။

သူငယ္ခ်င္းေတြကို အျမဲတမ္းစေနာက္ေဆးထိုးတတ္တဲ့ ဟဲေလးကေတာ့ မိတ္ေဆြအေပါင္းသင္းေတြတင္မကဘူး အိမ္က သားသား ႏွစ္ေယာက္နဲ႔ ဇနီးျဖစ္သူကိုပါ ေဆးအၾကီးၾကီးထိုးလုိက္ပါျပီေနာ္ ။ သရဲကားၾကည္႕ရင္း ေၾကာက္ေနတဲ့ သားသားနွစ္ေယာက္နဲ႔ ခ်စ္ဇနီးရဲ႕ Snap ပံုေတြကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္ကေန ေဆးထိုးျပီးတင္ခဲ့တာပဲျဖစ္ပါတယ္ ။ ပရိသတ္ေတြကလည္း ဒီပို႕စ္ေလးေအာက္မွာ အေဖက ဘယ္နားပုန္းေနလဲလုိ႕ စေနာက္ေနၾကျပီး ပရိသတ္ေတြနဲ႔ရင္းရင္းနွီးနွီးမွတ္ခ်က္ေတြ အျပန္လွန္ေပးေနၾကတာကိုလည္းေတြ႕ရပါတယ္ ။

ဟဲေလးတုိ႕မိသားစုကေတာ့ ႔ ပရိသတ္ေတြအားက်ေနရတဲ့ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုေလးလို႕ ဆိုရင္လည္း မမွားပါဘူး ေနာ္ ။ ခ်စ္ပရိသတ္ၾကီးအတြက္ ဟဲေလးတုိ႕မိသားစုရဲ႕သရဲကားၾကည္႕ရင္းေဆးထိုးခံရတဲ့ ပံုရိပ္ေလးကိုေတြ မွ်ေ၀ေပးလုိက္ျပီေနာ္ ။

Source : Naing Lin Aung
Emily ( Cele Zone )