ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ပတ်ထရစ်ရှာတို့ မောင်နှမရဲ့ အမိုက်စားပုံရိပ်များ

Posted on

ရှာရှာလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သူမရဲ့ ညို့အားပြင်းတဲ့ အလှတွေနဲ့ ပရိသတ်တွေကိုအမြဲဖမ်းစားနေတဲ့မင်းသမီးလေးတစ်လက်ပါ ။ ဘိုဆန်တဲ့အလှတရားတွေနဲ့ သူမရဲ့ညို့အားပြင်းတဲ့အလှတွေကတော့ သူမရဲ့ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုလို့ဆိုရမှာပါ ။ အခုလက်ရှိမှာတော့ ရှာရှာတစ်ယောက် ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့ အစ်ကို ကို ပရိသတ်တွေရှေ့ကိုချပြလိုက်ပါပြီနော် ။

 


“မောင်နှမ ၂ ယောက်မတိုင်ပင်ထားပဲအဝတ်အစားလေး match ဖြစ်တုန်းလေးဓာတ်ပုံရိုက်ဖို့ကိုအတင်းဆွဲခေါ်လာရတယ်၁ ခါကနေ ၂ ခါလောက်ရိုက်ရင်စိတ်မရှည်တဲ့ ချစ်စရာကောင်းတဲ့ ရှာရှာ့ရဲ့အကိုကြီး ” ဆိုတဲ့စာသားနဲ့အတူ ပရိသတ်တွေမမြင်ဖူးတဲ့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးထားပါတယ် ။ ဓာတ်ပုံရိုက်ပြီးပဲပေးဖို့သာစိတ်မရှည်ပေမယ့် အရာရာမှာတော့ ရှာရှာတို့အငယ်နှစ် ယောက်ထပ်စိတ်ရှည်သည်းခံနိုင်တဲ့သူတစ်ယောက် ဖြစ်ပြီး အငယ်တွေအပေါ်အမြဲဦးစားပေး အလျှော့ပေးပြီးချစ်တဲ့အကိုကြီး အရမ်းလည်း humble ဖြစ်တဲ့ဘဲကြီးမို့ လူချစ်လူခင်လည်းအရမ်းပေါတယ်လို့ သူမရဲ့အစ်ကို ကို အမွှန်းတင်စကားပြောထားပါသေးတယ် ။

 

ရှာရှာ့အစ်ကိုက သူ့ lifestyle ကိုသူနေချင်သလိုနေပေမယ့် သူများတွေ judge လုပ်တာကိုသူ့ခေါင်းထဲသိပ်မထည့်တတ်သလို သူများတွေရဲ့အထင်တွေ အမြင်တွေကိုဂရုမစိုက်တတ်တဲ့ သူ့ရဲ့ပုံစံကိုဘယ်သူ့ဘယ်သူကြောင့်မှမပြောင်းလဲပစ်ဘူးအဲ့လိုထားတတ်တဲ့သူရဲ့စိတ်ဓာတ်ကိုသဘောကျတယ် လို့ ရှာရှာက သူမရဲ့အစ်ကိုကိုလေးစားတဲ့အချက်ကို ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။ ရှာရှာရဲ့ အမိုက်စားအစ်ကိုကို မြင်ပြီးပြီဆိုတော့ ဘယ်သူတွေများ ပတ်ထရစ်ရှာကို ယောက်မတော်ချင်ကြလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Sue Sha Naing
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်


 




Source : Sue Sha Naing
Emily ( Cele Zone)