ရည်းစားမရှိတဲ့ FA တွေအတွက် ချစ်သူရအောင်ဖန်တီးပေးပြီး လက်ဆောင်ပါပေးမယ့် ကျော်ထွဋ်ဆွေရဲ့အလန်းစား အစီအစဉ်

Posted on

လူမှုကွန်ယက်မှာတော်တော်များများ ချစ်သူမရှိတဲ့ FA တွေဆိုရင် စနောက်ပြီး FA တွေကလည်း ချစ်သူမရှိတဲ့ အကြောင်း မကြာခဏဆိုသလိုဈေးဗန်းခင်းတတ်ကြတာ အားလုံးအသိပါပဲ။ ဒီတစ်ခေါက်မှာတော့ ကိုကျော်ကြီးရဲ့အမိုက်စား အစီအစဉ်တစ်ခုက FA တွေအားလုံးအတွက် ဝမ်းသာစရာပါပဲ။ ချစ်သူမရှိတဲ့သူတွေကို သူတင်တဲ့စာအောက်မှာ ကောမန့် ရေးခိုင်းပြီး ချစ်သူရှာခိုင်းကာ ချစ်သူရသွားရင်လည်း ” ချစ်သူများနေ့ ” မှာ ဆင်တူစုံတွဲအင်္ကျီလေး လက်ဆောင် ပေးမယ်လို့ ကြော်ငြာခဲ့ပါတယ်။

ဒီနောက်မှာတော့ ချစ်သူမရှိသေးတဲ့ FA အပေါင်းတို့က ကိုကျော်ကြီးရဲ့ ပို့စ်အောက်မှာ ကိုယ့်ပုံလေးတွေနဲ့ကိုယ် အလုအယက်ဈေးဗန်းတွေခင်းနေပါပြီ ပရိသတ်ကြီးရေ။ ပရိသတ်ကြီးလည်း အချိန်မနှောင်းခင်လေး အမြန်ဆုံးဈေးဗန်း သွားခင်းလိုက်တော့နော်။ ကံကောင်းရင် ချစ်သူလဲရ အင်္ကျီအသစ်လေးလဲရမှာမို့ လက်မလွှတ်သင့်တဲ့အခွင့်အရေးပါ။

ကိုကျော်ကြီးက သူ့ရဲ့အစီအစဉ်လေးကို ” ရည်းစားမရှိသေးတဲ့ FA ကောင်လေး ကောင်မလေးတွေ ဒီpost အောက်ကို လာခဲ့ပါလား။ ဒီကနေ ရည်းစားဖြစ်သွားရင် Valentine’s day ကျ ဆင်တူဝတ်ဖို့ အင်္ကျီ ၂ထည် လက်ဆောင်ပေးမယ်။ ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Photo – Kyaw Htut Swe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ရည္းစားမရွိတဲ့ FA ေတြအတြက္ ခ်စ္သူရေအာင္ဖန္တီးေပးၿပီး လက္ေဆာင္ပါေပးမယ့္ ေက်ာ္ထြဋ္ေဆြရဲ႕အလန္းစား အစီအစဥ္ ”

လူမႈကြန္ယက္မွာေတာ္ေတာ္မ်ားမ်ား ခ်စ္သူမရွိတဲ့ FA ေတြဆိုရင္ စေနာက္ၿပီး FA ေတြကလည္း ခ်စ္သူမရွိတဲ့အေၾကာင္း မၾကာခဏဆိုသလိုေဈးဗန္းခင္းတတ္ၾကတာ အားလုံးအသိပါပဲ။ ဒီတစ္ေခါက္မွာေတာ့ ကိုေက်ာ္ႀကီးရဲ႕အမိုက္စား အစီအစဥ္ တစ္ခုက FA ေတြအားလုံးအတြက္ ဝမ္းသာစရာပါပဲ။ ခ်စ္သူမရွိတဲ့သူေတြကို သူတင္တဲ့စာေအာက္မွာ ေကာမန႔္ေရးခိုင္းၿပီး ခ်စ္သူရွာခိုင္းကာ ခ်စ္သူရသြားရင္လည္း ” ခ်စ္သူမ်ားေန႔ ” မွာ ဆင္တူစုံတြဲအက်ႌေလး လက္ေဆာင္ေပးမယ္လို႔ ေၾကာ္ျငာ ခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ခ်စ္သူမရွိေသးတဲ့ FA အေပါင္းတို႔က ကိုေက်ာ္ႀကီးရဲ႕ ပို႔စ္ေအာက္မွာ ကိုယ့္ပုံေလးေတြနဲ႔ကိုယ္ အလုအယက္ ေဈးဗန္းေတြခင္းေနပါၿပီ ပရိသတ္ႀကီးေရ။ ပရိသတ္ႀကီးလည္း အခ်ိန္မေႏွာင္းခင္ေလး အျမန္ဆုံး ေဈးဗန္းသြားခင္းလိုက္ေတာ့ ေနာ္။ ကံေကာင္းရင္ ခ်စ္သူလဲရ အက်ႌအသစ္ေလးလဲရမွာမို႔ လက္မလႊတ္သင့္တဲ့အခြင့္အေရးပါ။

ကိုေက်ာ္ႀကီးက သူ႔ရဲ႕အစီအစဥ္ေလးကို ” ရည္းစားမရွိေသးတဲ့ FA ေကာင္ေလး ေကာင္မေလးေတြ ဒီpost ေအာက္ကို လာခဲ့ပါလား။ ဒီကေန ရည္းစားျဖစ္သြားရင္ Valentine’s day က် ဆင္တူဝတ္ဖို႔ အက်ႌ ၂ထည္ လက္ေဆာင္ေပးမယ္။ ” ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။

Photo – Kyaw Htut Swe
Happy – Cele Zone