“မမြတ်လေးလိုအပျိုကြီးကို အစ်ကိုလူပျိုကြီးတွေနဲ့အောင်သွယ်ပေးပါလို့ တောင်းဆိုလိုက်တဲ့ အေးမြတ်သူ “

Posted on

နိုဝင်ဘာ(၂၀)ရက်နေ့ မနက်(၁၀)နာရီမှာမော်လမြိုင်၊ကမ်းနားလမ်းက Strand Hotel မှာ ကျင်းပခဲ့တဲ့ ရွှေနန်းတော်ရဲ့ ရွှေပွဲတော်ဖွင့်ပွဲနေ့အတွက် မမြတ်လေးတစ်ယောက် ရိုးသားဖော်ရွေ ရာမညမြေကေ မော်လမြိုင်မြို့သို့ အခါသင့်လို့ရွှေနန်းတော်ရဲ့ ရွှေပွဲတော်ကြီးအရောက်လာခဲ့တာဖြစ်ပါတယ် ။ မော်လမြိုင်မြို့ ကမ်းနားလမ်းမှာရှိတဲ့ Strand Hotel မှာရွှေဝယ် ရွှေရ ကံထူးကြမယ့်ရွှေနန်းတော်ရဲ့ ရွှေရောင်လွှမ်းတဲ့ ရွှေပွဲတော်ကြီးကို နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၃) ရက်နေ့အထိ (၄) တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

ရာမညသူလေး မမမြတ်လေးကတော့ ခေတ်မှီလှပတဲ့ရွှေနန်းတော်ကလက်ဝတ်ရတနာတွေနဲ့ အရမ်းတွေလှပတင့်တယ်နေတဲ့သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ “ရာမညသူတွေ သဘောကောင်းစကားပြောရိုးစင်းပြီးအပြုံးချိုဖော်ရွေလွန်းလှသလို မမြတ်လေး က အပျိုကြီးဖြစ်နေပြီဆိုတော့ …နောင်ရေးစိတ်အေးရအောင်…. အိမ်ထောင်ကျရင်အိမ်ထောင်ဖက်မပင်ပန်းရအောင် ခုချိန်ကစလို့ ….ရွှေတွေစုနေပါပြီလို့ လက်တို့ပြီးကြွားပါရစေနော် အိမ်ထောင်ကျရင် … ချစ်စရာကောင်းတဲ့ ရာမညသူလေးတွေ လို ခုလိုလေးဝတ်ပြီး … အလုပ်ကပြန်လာတဲ့အိမ်ဦးနတ်ကို ကြိုမှာရှင့် ” ဆိုတဲ့စာသားလေးနဲ့အတူ ရွှေထည်တွေနဲ့ပြည့်နေတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေအတွက်မျှဝေပေးခဲ့ပါတယ် ။

 

 

ယောင်းမလေးတွေလည်း .ကိုယ့်အကို ကို စိတ်ချမ်းသာစေချင်ရင် .. မမမြတ်လေး လို … အပျိုကြီးနဲ့
ကိုယ့်အကိုလူပျိုကြီးတွေ ကို အောင်သွယ်ပေးလိုက်နော် လို့လည်း ပရိသတ်တွေကို အရွှန်းဖောက်စနောက်ထားပါသေးတယ် ။ ပရိသတ်ကြီးကရော မမြတ်လေးကိုယောက်မတော်ချင်ကြလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Aye Myat Thu
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်


အပျိုကြီးကတော့နောက်ပြီနော် …. ။




Source : Aye Myat Thu
Emily ( Cele Zone )