ခွဲစိတ်ပြီး (၂၅)ရက်မြောက်နေ့က သူမရဲ့မျက်နှာအနေအထားကို ချပြလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

Posted on

ပြီးခဲ့တဲ့လက မျက်နှာခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ အဆိုတော်ထွန်းအိန္ဒြာဗိုလ်ကတော့ ခွဲစိတ်ပြီး (၂၅) ရက်မြောက်က သူမရဲ့ မျက်နှာအနေအထားကို ပြသခဲ့တာပဲဖြစ်ပါတယ်။ ခွဲစိတ်ပြီး ခြောက်လလောက်နေမှ အားလုံးအသားကျမှာဖြစ်ပေမယ့် လက်ရှိအနေနဲ့လည်း တော်တော်လေး ကြည့်ကောင်းနေပါတယ်။ ခွဲစိတ်ပြီးခါစက ယောင်ရမ်းတာတွေရှိပေမယ့် အခုတော့ တော်တော်လေးကို သက်သာနေပုံပါပဲ။

ပွဲတစ်ခုကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေဟာ အတော်လေးနုပျိုနေပုံပါပဲ။ ပျော်စရာမိသားစုလေးမှာ သားလေး တစ်ယောက်ပိုင်ဆိုင်ထားပြီး ဂေါက်ရိုက်တာမှာထူးချွန်တဲ့ သားလေးကြောင့် မခိုင်ကြီးတစ်ယောက် အတော်လေးကျေနပ် နေခဲ့ရပါတယ်။ တစ်ဦးတည်းသောသားလေးက မွေးရကျိုးနပ်အောင်ကို ထူးချွန်လွန်းခဲ့ပါတယ်။

အလှကြီးလှနေတဲ့ ပွဲတက်ပုံရိပ်တွေကို ” မျက်နှာ က ၆ လ ပြည့်မှ ပုံမှန် ဖြစ်မှာပါ.. အခု ၂၅ ရက်ပါရှင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အသက်အရွယ်တွေသာ တဖြည်းဖြည်းရလာပေမယ့် မခိုင်ကြီးရဲ့ကြည့်ကောင်းလွန်းတဲ့ သွင်ပြင်အနေအထားကတော့ ပြောင်းလဲမသွားခဲ့ပါတယ်။ နောက်ခြောက်လအကြာမှာတော့ ဘယ်လောက်တောင် ပိုလှသွားမယ်ဆိုတာ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပဲနော်။

Photo – Mi Mi Khine
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Mi Mi Khine
Happy – Cele Zone