ရိုက်ကွင်းမှာ မေမေနဲ့အတူ သရုပ်ဆောင်နေရပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သမီးလေး
Posted on
ချစ်စရာကောင်းတဲ့ခိုင်နှင်းဝေရဲ့သမီးလေးရွှန်းရွှန်းကတော့ မေမေ့ရဲ့အနုပညာပိုးတွေအပြည့်ရောသွားပြီထင်ပါရဲ့နော်။ မေမေနဲ့အတူ ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်နေခဲ့ပြီး မေမေကတော့ သမီးလေးရဲ့ရှုတင်နောက်လိုက်ဖြစ်နေတာကိုပဲ ကျေနပ်ပီတိအပြုံးတွေနဲ့ ပျော်ရွှင်နေခဲ့ပါတယ်။ ချစ်စရာသမီးလေးကတော့ မေမေ့ကိုဓာတ်ပုံရိုက်ခိုင်းပြီး အိုက်တင်တွေ အမျိုးမျိုးပေးတတ်တဲ့အထိကို အလည်လေးဖြစ်နေပါပြီ။
ဂေဟာကမောင်နှမတွေနဲ့လည်း မကြာခဏဆိုသလိုအတူတူသွားဆေ့ာပြီး အမကြီးအမိရာပီပီသသ ထိန်းပေးတတ်သူလေး ပါ။ ချစ်ဖို့ကောင်းတဲ့သမီးလေးက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး ပရိသတ်တွေရဲ့အသည်းကျော်လေးလည်း ဖြစ်လို့ နေပါပြီ။ ဒီတစ်ခေါက်မှာတော့ မေမေနဲ့အတူ ကားရိုက်အတွက်နယ်ကိုလိုက်ပါလာခဲ့ပြီး ရွှန်းလေးကိုယ်တိုင် သရုပ်ဆောင် နေခဲ့တာပဲဖြစ်ပါတယ်။
သမီးလေးရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ” ကိုယ့် ရှုတင်မဟုတ် သူ့ ရှုတင် ကို လိုက်ပံ့ပိုးနေရပါတယ်နော်.. ကိုယ်ဟာ ရှုတင်နောက်လိုက်ပါ ရွှန်းရွှန်းရယ် ” ဆိုပြီး မေမေခိုင်နှင်းဝေက ကြည်နူးပီတိလေးနဲ့ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမေမေရဲ့သမီးဆိုမှတော့ မေမေ့ရဲ့ဗီဇတွေက အပြည့်ပါမယ်ဆိုတာ အသေအချာပဲပေါ့နော်။
Photo – Khine Hnin Wai
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Khine Hnin Wai
Happy – Cele Zone