မိသားစုပုံအောက်မှာ sad react ပေးတဲ့သူတွေကို သူမရဲ့ပေ့ချ်ကနေ ဘန်းပစ်မယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး

Posted on

ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်နေပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက် ကျောင်းပိတ်ရက် လေးမှာ သားလေးနဲ့အတူတူအချိန်တွေကုန်ဆုံးဖို့အတွက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ရတဲ့သားလေးကို ဖိုးဖိုးဖွားဖွားတွေနဲ့အတူ စိတ်ချလက်ချထားခဲ့ပြီး နှစ်ယောက်အတူတူကျောင်းတက်ကာ ပညာရှာမှီး နေကြတာပဲဖြစ်ပါတယ်။ သားလေးကလည်း ဖိုးဖိုးဖွားဖွားတို့နဲ့အရမ်းကိုအဆင်ပြေ ပျော်ရွှင်နေခဲ့ပါတယ်။

ဖေဖေမေမေတို့ပြန်လာချိန်မှာလည်း လွင်ထက်လေးက ပြုံးပျော်လို့နေခဲ့ပါတယ်။ ယွန်းဝတီလေး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာပဲ အမျိုးသားထုကြီးက ယွန်းကို နှမြောတသဖြစ်တဲ့ကောမန့်တွေ မန့်ခဲ့ကြပြီး sad react တွေပေးခဲ့ကြတာဟာ လွင်ထက်လေးကို ပိုင်ဆိုင်ထားတဲ့အခုချိန်ထိပါပဲ။ စတယ် နောက်တယ်ဆိုတာမှာလဲ အတိုင်းအတာတစ်ခုထိရှိတာမို့ ယွန်းအနေနဲ့လည်း ဒီလိုဆက်တိုက်ပြုမူနေတာတွေဟာ သူမအတွက်အဆင်မပြေတော့တဲ့ပုံပါပဲ။

သူမတို့မိသားစုပုံရိပ်လေးကို ” the best gift, you taught me how to love. (sad react ပေးသူများ ban မည် ) ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဖေဖေလည်းချော မေမေလည်းလှတော့ လွင်ထက်လေးက အရမ်းကိုချစ်စရာကောင်းလွန်း နေပါတယ်။ ပျော်ရွှင်စရာ မိသားစုဆုံဆည်းချိန်အခိုက်အတန့်လေးဟာ တကယ်ကိုသာယာကြည်နူးစရာပါပဲ ပရိသတ် ကြီးရေ။

 

Photo – Yun Waddy Lwin Moe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သူမတို့မိသားစုပုံအောက်မှာ sad react ပေးတဲ့သူတွေကို သူမရဲ့ပေ့ခ်ျကနေ ဘန်းပစ်မယ်ဆိုတဲ့ ယွန်းဝတီလွင်မိုး ”




Happy – Cele Zone