ဆွံ့အ နားမကြားနဲ့ မိခင်ကို ရှာဖွေကျွေးနေရင်း လေပါဖြတ်သွားရှာတဲ့ ပြည်သူတစ်ဦးရဲ့ အဖြစ်ကို စိတ်မကောင်းစွာပြောပြရင်း ကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ မိုးစက်

လူရွှင်တော်မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ 

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ အခုလည်း ဆွံအနားမကြားနဲ့ မိခင်ကိုရှာဖွေကျွေးနေရင်း လေပါဖြတ်သွားရှာတဲ့ ပြည်သူတစ်ဦးရဲ့ အဖြစ်ကို စိတ်မကောင်းစွာပြောပြရင်း လူသားချင်းစာနာစွာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ။ 

သားဖြစ်သူက လေဖြတ်သွားတဲ့ အပြင် မိခင်ဖြစ်သူကလည်း ရေဖျဉ်းဆွဲနေတာကြောင့် အိမ်အကူ အလုပ်တွေလည်း သိပ်မလုပ်နိုင်ဘဲ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ် ။ ဒါကြောင့်  သားအမိနှစ် ယောက်လုံး အတွက် ဆေးဖိုးနဲ့ စားဝတ်နေရေး ပြေလည်စေရန် တစ်သိန်းကျပ် ကို ကူညီထောက်ပံ့ခဲ့တယ်လို့သိရပါတယ် ။ ပရိသတ်ကြီးအတွက် မိုးစက်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Moe Sat

-Zawgyi Font ဖြင့်ဖတ်ရန်- 


စာလေးဖတ်ပြီး စိတ်မကောင်းလိုက်တာ 😢




Yuan – Cele Zone

Photo – Moe Sat