ချစ်ခင်ရတဲ့ပရိသတ်တွေပို့ပေးတဲ့ သူမရဲ့ပုံတူခဲပန်းချီတွေအများကြီးကို ထုတ်ပြလိုက်တဲ့ အိချောပို

Posted on

အလှူအတန်းလည်းရက်ရောပြီး စိတ်ထားလေးလည်းကောင်းတဲ့ သရုပ်ဆောင်အိချောပိုကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း မနည်းမနောပါပဲ။ သူမရဲ့ပုံတူပန်းချီကားချပ်လေးတွေကို ခဲနဲ့ဆွဲပြီး လက်ဆောင်ပေးခဲ့တာလေးကို သိမ်းထားပြီး ဒီနေ့မှာတော့အကုန်လုံး ချပြလိုက်တာပဲဖြစ်ပါတယ်။ ကိုယ့်ကိုချစ်ခင်အားပေးလို့ ပုံလေးတွေဆွဲပြီး တကူးတက ပေးတဲ့အပေါ်မှာ သူမက လည်း အရမ်းကိုတန်ဖိုးထားခဲ့ပါတယ်။

မကြာခဏဆိုသလို ရှုတင်က စက်အဖွဲ့သားတွေအတွက် ဆန်တစ်အိတ်နဲ့ဆီတစ်ပုံလှူတန်းတတ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း ကတောင် လှူတန်းခဲ့ပါသေးတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကျောသားရင်သားမခွဲခြားပဲ အကောင်းမွန်ဆုံး ဆက်ဆံမှုတွေနဲ့ လိုအပ်နေတဲ့လက်တွေဆီကို ဖေးမပေးတဲ့လက်ကလေးတစ်စုံအဖြစ်နဲ့ သူမရဲ့သမိုင်းဟာ လှပလို့နေပါ တယ်။

ချစ်စရာပန်းချီကားချပ်လေးတွေကို ” စူ့ပုံတူခဲပန်းချီလေးတွေ ပန်းချီလေးတွေဆွဲပြီး လက်ဆောင် ပေးကြတဲ့ ချစ်ရတဲ့ ပရိတ်သတ်များကျေးဇူးပါရှင် အမြဲသိမ်းထားပါတယ်ရှင့် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရွှေမင်းသမီးရဲ့ မာယာကင်းတဲ့ဖြူဖြူစင်စင် အပြုံးလေးတွေဟာ ပန်းချီကားတစ်ချပ်ဖြစ်ဖို့လုံလောက်ပါရဲ့ပရိသတ်ကြီးရေ။

Photo – Ei Chaw Po
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Ei Chaw Po
Happy – Cele Zone