ဖိုးချစ်ရဲ့ ဖခင်ဖြစ်သူ ဆိုင်းပညာရှင် ရွာစားကြီး ဦးစိန်ဝင်းသောင်း ကွယ်လွန်

ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ ဖိုးချစ်ကတော့ ပြည်သူပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။ ဖိုးချစ်ရဲ့ ဇာတ်သဘင်ကတော့ ဆန်းသစ်တဲ့ အကအလှလေးတွေနဲ့ ပြောင်မြောက်တဲ့ တီထွင်မှုတွေကြောင့်လည်း ပရိသတ်တွေရင်ထဲမှာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မနေ့က စက်တင်ဘာလ (၂၄) ရက်နေ့မှာတော့ ဖိုးချစ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ကြားရပါတယ်။ ဒါကတော့ ဖိုးချစ်ရဲ့ ဖခင်ဖြစ်သူ မြန်မာ ဆိုင်းပညာရှင် ရွာစားကြီး ဦးစိန်ဝင်းသောင်း  ကွယ်လွန်သွားတဲ့ သတင်းပါပဲ ။

ဒီသတင်းနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရော ပရိသတ်တွေကပါ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြတာမို့ သူတို့ရဲ့ လူမှုကွန်ရက်ညစာမျက်နှာတွေ အထက်မှာ ရေးသားဖော်ပြခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း ဖိုးချစ်ရဲ့ ဖခင်လည်း ကောင်းရာ သုဂတိလာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။ 

Yuan – Cele Zone

Photo – Phoe Chit

-Zawgyi Font ဖြင့်ဖတ်ရန် – 


စိတ်မကောင်းလိုက်တာ 😢




Yuan – Cele Zone

Photo – Phoe Chit