LGBT အချစ်ဇာတ်ကားရဲ့ အမျိုးသားချင်းနမ်းရတဲ့ဇာတ်ဝင်ခန်းမှာ ဒါရိုက်တာအလိုကျ ပီပြင်အောင်အနမ်းပေးခဲ့တယ် ဆိုတဲ့ ဥက္ကာမင်းမောင်

Posted on

အနုပညာသွေးတွေအပြည့်စီးဆင်းနေတဲ့ ဥက္ကာမင်းမောင်တစ်ယောက် LGBT အချစ်ဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပြီး ကာရိုက်တာလိုအပ်ချက်အရ ဇာတ်ကားထဲမှာ အမျိုးသားချင်းနမ်းခဲ့ရတဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ခဲ့ရကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာစိတ်ကြိုက်ဖြစ်အောင်လုပ်ရပေမယ့် တကယ်တမ်းအများနဲ့ဒီဇာတ်ကားကို ပြန်ကြည့်တော့ အတော်လေးရှက်မိတယ်လို့ဆိုပါတယ်။

ဇာတ်ဝင်ခန်းမှာပါတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာတင်လိုက်တော့လည်း ချစ်သူက ခနဲ့တဲ့တဲ့ စနောက်ခဲ့ပါသေး တယ်တဲ့ပရိသတ်ကြီးရေ။ ဒါတောင်ဇာတ်ကားကိုမကြည့်ရသေးပဲ ဇာတ်ဝင်ခန်းက ပုံရိပ်တစ်ခုကိုသာမြင်ခဲ့တာဖြစ်ပြီး ဇာတ်ကားကိုသာကြည့်ပြီးစိတ်ကောက်သွားရင်တော့ လုပ်ခိုင်းတဲ့ ဒါရိုက်တာကြီးရဲ့အပြစ်လို့ စနောက်ခဲ့ပါသေးတယ်။

ဒီအကြောင်းလေးကို ” Shadow of Love ရိုက်တုန်းက ဒါရိုက်တာက နမ်းဆိုတော့လဲ နမ်းလိုက် တာပဲ မနေ့က တခြားလူတွေ ရှေ့မှာ ပြန်ကြည့်ရတော့.. ရှက်ထှာ..omg မျက်နှာ ဘယ်သွားထားရ မလဲမသိ အလုပ်သဘောအရဆိုတော့ တော်သေးတယ် Lance က နားလည်ပေးရှာပါတယ် သဝန် တိုရင်လဲ တိုမှာပေါ့လေ ဟီး ဇာတ်ဝင်ခန်းထဲနမ်းတဲ့ပုံကို တင်ထားတော့ မျက်စောင်းလာထိုးနေတယ် ခနဲ့သလိုလို ရွဲ့သလိုလို အဟင်းဟင်းတဲ့ သူဇာတ်ကားမကြည့်ရသေးလို့ ကြည့်ပြီး သူစိတ်ကောက် ရင်တော့ ဒါရိုက်တာအပြစ်..ကိုယ့်အပြစ်ဟုတ်ဘူး.. Lol ” ဆိုပြီး ခပ်နောက်နောက်လေး ရေးသား ထားတာပဲဖြစ်ပါတယ်။

Photo – Ye Htoo Win
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)




ဒီအကြောင်းလေးကို ” Shadow of Love ရိုက်တုန်းက ဒါရိုက်တာက နမ်းဆိုတော့လဲ နမ်းလိုက် တာပဲ မနေ့က တခြားလူတွေေ ရှ့မှာ ပြန်ကြည့်ရတော့.. ရှက်ထှာ..omg မျက်နှာ ဘယ်သွားထားရ မလဲမသိ အလုပ်သဘောအရဆိုတော့ တော်သေးတယ် Lance က နားလည်ပေးရှာပါတယ် သဝန် တိုရင်လဲ တိုမှာပေါ့လေ ဟီး ဇာတ်ဝင်ခန်းထဲနမ်းတဲ့ပုံကိုတင်ထားတော့ မျက်စောင်း လာထိုးနေတယ် ခနဲ့သလိုလို ရွဲ့သလိုလို အဟင်းဟင်းတဲ့ သူဇာတ်ကားမကြည့်ရသေးလို့ ကြည့်ပြီး သူစိတ်ကောက် ရင်တော့ ဒါရိုက်တာအပြစ်..ကိုယ့်အပြစ်ဟုတ်ဘူး.. Lol ” ဆိုပြီး ခပ်နောက်နောက်လေး ရေးသားထားတာပဲဖြစ်ပါတယ်။

Photo – Ye Htoo Win
Happy – Cele Zone