အဖိုးဖြစ်သူအတွက် ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့ စည်ဖြိုးတို့ မိသားစု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသားချော စည်ဖြိုးတို့ မိသားစုကတော့ ဒီနေ့မှာ အဖိုးဖြစ်သူ ဦးဝင်းမောင်တင်အတွက် ရည်စူးပြီး အလှူလေးပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ အဖိုးဖြစ်သူ နှစ်နှစ်ပြည့်နှစ်ပတ်လည်အတွက် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

 

အလှူလေးကတော့ နေအိမ်မှာပဲ သံဃာတော်တွေကို ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေ ဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီး အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုတော့ စည်ဖြိုးရဲ့ မိခင်ဖြစ်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ဦးဝင်းမောင်တင် ၂နှစ်ပြည့် အလှုဒါနကုသိုလ်(ET Family)” ဆိုကာ အလှူမှတ်တမ်းပုံရိပ်လေးတွေကိုပါ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

 

ပရိသတ်ကြီးတွေလည်း အဖိုးဖြစ်သူအတွက် ရည်စူးပြီး အလှူပြုလုပ်ခဲ့တဲ့ စည်ဖြိုးတို့ မိသားစုရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ CeleZone ကနေပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေက အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

 

Source – E Thi

-Zawgyi Font ဖြင့် ဖတ်ရန်-





Source – E Thi