ပရိသတ်တွေအရမ်းကိုသဘောကျနေတဲ့ ယုသန္တာတင်နဲ့ ခင်လေးနွယ်တို့ရဲ့ Tik Tok ဗီဒီယို

အပျိုကြီးမမနှစ်ယောက်ဖြစ်တဲ့ ယုသန္တာတင်နဲ့ခင်လေးနွယ်တို့နှစ်ယောက်သား စင်ဂယ်လ်ဘဝရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကြောင့် ခပ်ချေချေနေလို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ Tik Tok ဗီဒီယိုလေး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အရမ်းကိုမိုက်နေတဲ့ မမချောနှစ်ယောက်က မျက်နှာချင်းဆိုင် လမ်းလျှောက်လာခဲ့ပြီး သူမတို့ရဲ့ဆံနွယ်တွေကို လက်နဲ့ ပင့်တင်ကာ ဝဲခါလိုက်တဲ့ပုံစံက ဗီဒီယိုရဲ့ တကယ့်အသက်ပါပဲ။

ချစ်သူရည်းစားမရှိသေးတဲ့ မဒီကညာနှစ်ယောက်ကတော့ စင်ဂယ်လ်ဘဝမှာ အတော်လေးကို လွတ်လပ်ပျော်ရွှင် နေပုံပါပဲ။ နှစ်ယောက်အတူ မကြာခဏဆိုသလိုခရီးတွေထွက်ကြပြီး ပျော်စရာ အမှတ်တရတွေကိုလည်း အတူတူဖန်တီး တတ်ကြပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း အပျိုကြီးနှစ်ယောက် ပြိုင်တူချေနေတဲ့ ဗီဒီယိုလေးက သဘောကျစရာပါ။

သူမတို့ရဲ့ဗီဒီယိုလေးကို ” No boyfriend no problem ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်သူဆိုတာ မရှိမကောင်း ရှိမကောင်းပါပဲ။ ချစ်သူမရှိပေမယ့်လည်း သူမတို့ဘဝဟာ သာသာယာယာနဲ့ ဘာအပူအပင်မှမရှိဘူးဆိုတဲ့ ပုံစံလေး ကိုရိုက်ပြထားတာဖြစ်ပြီး နှစ်ယောက်လုံးရဲ့ ဟန်ပန်တွေက မင်းသမီးတွေဆိုတော့ ထူးပြီးပြောစရာမလိုအောင်ကို ပြည့်စုံ နေခဲ့ပါတယ်။

Video / Photo – Yu Thandar Tin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ပရိသတ္ေတြအရမ္းကိုသေဘာက်ေနတဲ့ ယုသႏၱာတင္နဲ႔ ခင္ေလးႏြယ္တို႔ရဲ႕ Tik Tok ဗီဒီယို ”

အပ်ိဳၾကီးမမႏွစ္ေယာက္ျဖစ္တဲ့ ယုသႏၱာတင္နဲ႔ခင္ေလးႏြယ္တို႔ႏွစ္ေယာက္သား စင္ဂယ္လ္ဘဝရဲ႕ လြတ္လပ္မႈနဲ႔ေပ်ာ္ရႊင္မႈေတြေ ၾကာင့္ ခပ္ေခ်ေခ်ေနလို႔ရတယ္ဆိုတဲ့ပံုစံမ်ိဳးေလးနဲ႔ Tik Tok ဗီဒီယိုေလး ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ အရမ္းကိုမိုက္ေနတဲ့ မမေခ်ာႏွစ္ေယာက္က မ်က္ႏွာခ်င္းဆိုင္ လမ္းေလွ်ာက္လာခဲ့ျပီး သူမတို႔ရဲ႕ဆံႏြယ္ေတြကို လက္နဲ႔ပင့္တင္ကာ ဝဲခါလိုက္တဲ့ ပံုစံက ဗီဒီယိုရဲ႕ တကယ့္အသက္ပါပဲ။

ခ်စ္သူရည္းစားမရွိေသးတဲ့ မဒီကညာႏွစ္ေယာက္ကေတာ့ စင္ဂယ္လ္ဘဝမွာ အေတာ္ေလးကို လြတ္လပ္ေပ်ာ္ရႊင္ေနပံုပါပဲ။ ႏွစ္ေယာက္အတူ မၾကာခဏဆိုသလိုခရီးေတြထြက္ၾကျပီး ေပ်ာ္စရာ အမွတ္တရေတြကိုလည္း အတူတူဖန္တီးတတ္ၾကပါေသး တယ္။ ဒီတစ္ေခါက္မွာလည္း အပ်ိဳၾကီးႏွစ္ေယာက္ ျပိဳင္တူေခ်ေနတဲ့ ဗီဒီယိုေလးက သေဘာက်စရာပါ။

သူမတို႔ရဲ႕ဗီဒီယိုေလးကို ” No boyfriend no problem ” ဆိုျပီး တင္ထားတာပဲျဖစ္ပါတယ္။ ခ်စ္သူဆိုတာ မရွိမေကာင္း ရွိမေကာင္းပါပဲ။ ခ်စ္သူမရွိေပမယ့္လည္း သူမတို႔ဘဝဟာ သာသာယာယာနဲ႔ ဘာအပူအပင္မွမရွိဘူးဆိုတဲ့ ပံုစံေလးကိုရိုက္ျပ ထားတာျဖစ္ျပီး ႏွစ္ေယာက္လံုးရဲ႕ ဟန္ပန္ေတြက မင္းသမီးေတြဆုိေတာ့ ထူးျပီးေျပာစရာမလိုေအာင္ကို ျပည့္စံုေနခဲ့ပါတယ္။

Video / Photo – Yu Thandar Tin
Happy – Cele Zone