သူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုပုံဖော်ဖို့အတွက် ပုဂံကိုရောက်ရှိနေပြီဖြစ်တဲ့ ဖြူဖြူထွေး

Posted on

ဖြူစင်ရိုးသားပြီးချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ရွာသူလေးဖြူဖြူထွေး ကတော့ လက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ထုံစံအတိုင်း ချစ်စဖွယ်ပုံရိပ်လေးတွေကို ဝေမျှခဲ့ပြန်ပါတယ်ပရိသတ်ကြီးရေ။ အပြောအဆိုပွင့်လင်းပြီးချစ်ဖို့ကောင်းတဲ့သူမရဲ့ အပြုအမူ လေးတွေက မချစ်ပဲမနေနိုင်လောက်အောင်ပါပဲ။

ပုဂံရောက်တဲ့လူတိုင်းဝတ်ဆင်တတ်တဲ့ ဝတ်စုံလေးနဲ့ သူမကအရမ်းကိုကြည့်ကောင်းလွန်းနေပါတယ်။ အနီရောင်အင်္ကျီ လေးကို အပြာရောင်ဘောင်းဘီလေးနဲ့တွဲဖက်ဝတ်ဆင်ထားပုံက ချစ်စရာကောင်းလွန်းနေပါတယ်။ ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးဟာ သူမရဲ့အလှတရားတွေကို ပိုမိုပေါ်လွင်စေသလိုပါပဲ။ အမြဲလိုလို ပြုံးနေတတ်တာတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်တစ်ချက်ပေါ့နော်။

ပုဂံမှာအပျော်ကြီးပျော်နေတဲ့ ပုံရိပ်လေးကို ” လွမ်းနေလာ ?? မိဖြူ ကားကြီးရိုက်နေရလို့နော် ပုဂံမှာ ဆက်လက် ရိုက်ကူး ပါ့မယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားကြီးရုံတင်ရင်တော့ ဖြူဖြူ့ရဲ့အလန်းစားသရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးက အားပါတရကြည့်ရတော့မှာပေါ့နော်။ လောလောဆယ်တော့ ချစ်စရာကောင်းတဲ့သူမရဲ့အပြုံးတွေကို အရင်ဝေမျှပေးလိုက်မယ်နော်။

Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သူမရဲ႕ပထမဆံုးရုပ္ရွင္ဇာတ္ကားၾကီးကိုပံုေဖာ္ဖို႔အတြက္ ပုဂံကိုေရာက္ရွိေနျပီျဖစ္တဲ့ ျဖဴျဖဴေထြး ”

ျဖဴစင္႐ိုးသားၿပီးခ်စ္စရာေကာင္းတဲ့အၿပဳံးေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားႏိုင္ခဲ့တဲ့ ႐ြာသူေလး ျဖဴျဖဴေထြးကေတာ့ လက္ရွိမွာ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ကူးဖို႔အတြက္ ပုဂံကိုေရာက္ရွိေနတာျဖစ္ၿပီး သူမရဲ႕ထုံစံအတိုင္း ခ်စ္စဖြယ္ပုံရိပ္ေလးေတြကို ေဝမွ်ခဲ့ျပန္ပါတယ္ပရိသတ္ႀကီးေရ။ အေျပာအဆိုပြင့္လင္းၿပီးခ်စ္ဖို႔ေကာင္းတဲ့သူမရဲ႕ အျပဳအမူေလး ေတြက မခ်စ္ပဲမေနႏိုင္ေလာက္ေအာင္ပါပဲ။

ပုဂံေရာက္တဲ့လူတိုင္းဝတ္ဆင္တတ္တဲ့ ဝတ္စုံေလးနဲ႔ သူမကအရမ္းကိုၾကည့္ေကာင္းလြန္းေနပါတယ္။ အနီေရာင္အက်ႌေလးကို အျပာေရာင္ေဘာင္းဘီေလးနဲ႔တြဲဖက္ဝတ္ဆင္ထားပုံက ခ်စ္စရာေကာင္းလြန္းေနပါတယ္။ ပိန္သြယ္သြယ္ခႏၶာကိုယ္ေလးဟာ သူမရဲ႕အလွတရားေတြကို ပိုမိုေပၚလြင္ေစသလိုပါပဲ။ အၿမဲလိုလို ၿပဳံးေနတတ္တာေတာ့ သူမရဲ႕ဆြဲေဆာင္မႈရွိတဲ့အခ်က္တစ္ခ်က္ ေပါ့ေနာ္။

ပုဂံမွာအေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ပုံရိပ္ေလးကို ” လြမ္းေနလာ ?? မိျဖဴ ကားႀကီး႐ိုက္ေနရလို႔ေနာ္ ပုဂံမွာ ဆက္လက္႐ိုက္ကူးပါ့မယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ဇာတ္ကားၾကီးရံုတင္ရင္ေတာ့ ျဖဴျဖဴ႕ရဲ႕အလန္းစားသရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ၾကီးက အားပါတရၾကည့္ရေတာ့မွာေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ ခ်စ္စရာေကာင္းတဲ့သူမရဲ႕အျပံဳးေတြကို အရင္ေဝမွ်ေပးလိုက္မယ္ ေနာ္။

Photo – Phyu Phyu Htwe
Happy – Cele Zone