သူမရဲ့မွေးနေ့ အမှတ်တရ အနေနဲ့ မွန်မြတ်သော အလှူလေးတစ်ခု ပြုလုပ်ခဲ့တဲ့ စိုးပြည့်သဇင်

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်အချစ်တွေကို ရရှိထားတဲ့ မင်းသမီးချောလေးစိုးပြည့်သဇင်ကတော့ အေးချမ်းပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ် ။ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးကတော့ သဒ္ဓါတရားလည်းထက်သန်ပြီး စိတ်ထားပြည့်ဝလွန်းသူလေး တစ်ယောက်ပါ ။

မကြာခဏဆိုသလို လှူဒါန်းမှုတွေပြုလုပ်တတ်တဲ့ စိုးပြည့်လေးကတော့ အခုတစ်ခါမှာလည်း သူမရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။ သမိဒ္ဓေါဒယ ဇေတဝန် သီလရှင်စာသင်တိုက်မှာ နေ့ဆွမ်း အလှူလေး ဆက်ကပ်ခဲ့တာဖြစ်ပြီး အလှူပုံတွေကိုလည်း ဝေမျှလာပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ စိုးပြည့်မွေးနေ့ အတွက် မွေးနေ့လက်ဆောင် အနေနဲ့ အလှူလေး လုပ်ဖြစ်တယ် မွေးနေ့အတွက် သမိဒ္ဓေါဒယ ဇေတဝန် သီလရှင်စာသင်တိုက်မှာ နေ့ဆွမ်း အလှူလေး ကပ်လှူဖြစ်ပါတယ်  မွေးနေ့ရှင်လေး ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Phtoto – Soe Pyae Thazin

-Zawgyi Font ဖြင့်ဖတ်ရန် – 


သာဓု သာဓု သာဓု ပါ စိုးပြည့်ရေ🙏




Yuan – Cele Zone

Phtoto – Soe Pyae Thaz