ဆေးရုံထပ်တင်လိုက်ရပြန်တဲ့ ကစ်ကစ်အတွက် လိုအပ်တဲ့ဆေးဝါးတွေကိုအလှူခံလိုက်တဲ့ ခင်သဇင်

Posted on

ဟာသသရုပ်ဆောင်ကစ်ကစ်တစ်ယောက် ကျန်းမာရေးချူခြာနေပြီး အတော်လေးကို မမာမကျန်းဖြစ်နေတာ ပရိသတ်ကြီး အသိပါပဲ။ အမြဲလိုလိုဆေးရုံမှာနေလိုက် အိမ်ပြန်လိုက်နဲ့ ကူးချည်သန်းချည်ဖြစ်နေသူတစ်ယောက်ဟာ ဒီနေ့မှာလည်း အရင်နေ့တွေကလို ဆေးရုံပြန်တင်လိုက်ရပြန်ပါပြီပရိသတ်ကြီးရေ။ ကျန်းမာရေးအတွက်ကုသစားရိတ်နဲ့ စားဝတ်နေရေးဟာ လည်း အတော်လေးကိုခက်ခဲနေခဲ့ပါတယ်။

ကစ်ကစ်ကိုအမြဲတမ်းအနီးကပ်စောင့်ရှောက်ပေးနေတဲ့ ခင်သဇင်ကတော့ ဒီတစ်ခေါက်မှာ ကစ်ကစ်အတွက် လိုအပ်တဲ့ ဆေးဝါးလေးတွေအလှူခံပေးတဲ့ ပို့စ်လေးတစ်ခုကို တင်လိုက်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကို ရယ်မောအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဟာသ သရုပ်ဆောင်ကြီးကို ကူညီချင်တယ်ဆိုရင် ခင်သဇင်ကိုဆက်သွယ်ပြီး ကူညီပေးလို့ရတယ်နော်။

လှူချင်သူတွေလှူနိုင်အောင် ” မကစ် ဒီနေ့ ဆေးရုံ စတင်လိုက်ပါပြီ အခြေအနေကတော့ ပြောရခက်နေပါသေးတယ် ဒါပေမယ့် လောလောဆယ်တော့ ဒီဆေးလေးတွေ အလှူခံချင်တာပါ တစ်လ တစ်လ ကျောက်ကပ်ဆေးတာအပြင် ဒီဆေးဖိုးတွေနဲ့တင် နေထိုင်စားသောက်ဖို့ မလောက်ဌတော့လို့ပါ လှူဒါန်းချင်ပါတယ်ဆိုရင် အောက်က comment လေးမှာလာပြောပေးပါနော် CB မှာ လာဆက်သွယ်ပေးပါမယ် အဓိက က ဆေးကုမ္ပဏီတွေဆီက လှူဒါန်းပေးမယ်ဆို ပို အဆင်ပြေပါတယ်ရှင် ကျေးဇူးအများကြီးတင်ပါတယ် ကျန်းမာချမ်းသာကြပါစေရှင် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Khin Thazin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Khin Thazin
Happy – Cele Zone