ပရိသတ်တွေအတော်လေးစိတ်ပူသွားခဲ့ကြတဲ့ မိုးယုစံရဲ့ ခွဲစိတ်ပြီးပုံရိပ်လေးတစ်ခု

Posted on

တစ်သားမွေးတစ်သွေးလှလို့နာမည်ကြီးနေတဲ့ မေမေမိုးယုစံတစ်ယောက် မျက်ခမ်းစပ်နားမှာ အဖုလေးပေါက်ရာကနေ ညှစ်ထုတ်လိုက်တဲ့အချိန်မှာတော့ ပြည်တွေထွက်လာခဲ့ပြီး သက်သာသွားခဲ့ရာကနေ အခုဒီအဖုကပဲ ထပ်ပြီးဒုက္ခပေးကာ ခြစ်ထုတ်လိုက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ မျက်လုံးဆိုတာ လူတစ်ယောက်အတွက်အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး တော်တော်ကိုဂရုစိုက်သင့်တဲ့အရာတစ်ခုပါ။

မေမေမိုးယုတစ်ယောက် သူမခွဲစိတ်ကုသပြီးတဲ့ပုံရိပ်လေးကို လူမှုကွန်ယက်မှာဝေမျှပြီးနောက် စိတ်ပူပြီးမေးမြန်းခဲ့တဲ့ ပရိသတ်တွေများပြားခဲ့ပြီး သူမကလည်း ဝေဒနာကို ” မျက်ခမ်းစပ်နား အဖုဖြစ်တာ ပေါက်ပီးပီ အဖုက‌ပျောက်မသွားလို့ ခြစ်ထုတ်ရတာ ” ဆိုပြီး သေချာပြန်ရှင်းပြပေးခဲ့ပါ တယ်။ ဒီအဖုကြောင့် အိုင်းလိုင်နာဆွဲတိုင်းဒုက္ခရောက်ရတယ်လို့လည်း ဆိုပါတယ်။

ရှုတင်အပြီးမှာ ဒီဝေဒနာကိုသွားရောက်ကုသပြီး သူမရဲ့ပုံရိပ်လေးကို ” ကြောက်ပါတယ်ဆိုမှ ဖြစ်လာတော့လည်း လုပ်ရတာပဲ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သူမကိုစိတ်ပူပြီးမေးမြန်းကြတဲ့ ပရိသတ်တွေကိုလည်း ” စိုးရိမ်ပီး မေးကြတဲ့ သူတစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် အကုန်လုံးကို စာမပြန်နိုင်လို့ တတ်နိုင်သလောက်တော့ပြန်ပေးထားပါတယ် မပြန်နိုင်တဲ့သူတွေဆို likeလေးပေးထားပါတယ်နော် ” ဆိုပြီး ယဉ်ယဉ်ကျေးကျေးပြန်ပြောခဲ့ပါသေးတယ်။ အမြန်ဆုံး သက်သာပါစေမိုးယုရေ။

Photo – Moe Yu San
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ပရိသတ္ေတြအေတာ္ေလးစိတ္ပူသြားခဲ့ၾကတဲ့ မိုးယုစံရဲ႕ ခြဲစိတ္ျပီးပံုရိပ္ေလးတစ္ခု ”

တစ္သားေမြးတစ္ေသြးလွလို႔နာမည္ႀကီးေနတဲ့ ေမေမမိုးယုစံတစ္ေယာက္ မ်က္ခမ္းစပ္နားမွာ အဖုေလးေပါက္ရာကေန ညႇစ္ထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ ျပည္ေတြထြက္လာခဲ့ၿပီး သက္သာသြားခဲ့ရာကေန အခုဒီအဖုကပဲ ထပ္ၿပီးဒုကၡေပးကာ ျခစ္ထုတ္လိုက္ရတဲ့အထိျဖစ္ခဲ့ပါတယ္။ မ်က္လုံးဆိုတာ လူတစ္ေယာက္အတြက္အေရးႀကီးဆုံးအစိတ္အပိုင္းျဖစ္ၿပီး ေတာ္ေတာ္ ကိုဂ႐ုစိုက္သင့္တဲ့အရာတစ္ခုပါ။

ေမေမမိုးယုတစ္ေယာက္ သူမခြဲစိတ္ကုသၿပီးတဲ့ပုံရိပ္ေလးကို လူမႈကြန္ယက္မွာေဝမွ်ၿပီးေနာက္ စိတ္ပူၿပီးေမးျမန္းခဲ့တဲ့ပရိသတ္ ေတြမ်ားျပားခဲ့ၿပီး သူမကလည္း ေဝဒနာကို ” မ်က္ခမ္းစပ္နား အဖုျဖစ္တာ ေပါက္ပီးပီ အဖုက‌ေပ်ာက္မသြားလို႔ ျခစ္ထုတ္ရတာ ” ဆိုၿပီး ေသခ်ာျပန္ရွင္းျပေပးခဲ့ပါ တယ္။ ဒီအဖုေၾကာင့္ အိုင္းလိုင္နာဆြဲတိုင္းဒုကၡေရာက္ရတယ္လို႔လည္းဆိုပါတယ္။

ရႈတင္အၿပီးမွာ ဒီေဝဒနာကိုသြားေရာက္ကုသၿပီး သူမရဲ႕ပုံရိပ္ေလးကို ” ေၾကာက္ပါတယ္ဆိုမွ ျဖစ္လာေတာ့လည္းလုပ္ရတာပဲ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ သူမကိုစိတ္ပူၿပီးေမးျမန္းၾကတဲ့ ပရိသတ္ေတြကိုလည္း ” စိုးရိမ္ပီး ေမးၾကတဲ့သူတစ္ေယာက္စီ တိုင္းကိုေက်းဇူးတင္ပါတယ္ အကုန္လုံးကို စာမျပန္ႏိုင္လို႔ တတ္ႏိုင္သေလာက္ေတာ့ျပန္ေပးထားပါတယ္ မျပန္ႏိုင္တဲ့သူေတြဆို likeေလးေပးထားပါတယ္ေနာ္ ” ဆိုၿပီး ယဥ္ယဥ္ေက်းေက်းျပန္ေျပာခဲ့ပါေသးတယ္။ အျမန္ဆုံး သက္သာပါေစမိုးယုေရ။

Photo – Moe Yu San
Happy – Cele Zone