မေမေ့ကိုဓာတ်ပုံအတင်းရိုက်ခိုင်းပြီး အိုက်တင်တွေပေးနေတဲ့ ခိုင်နှင်းဝေရဲ့သမီးလေး ရွှန်းရွှန်း

Posted on

အခါလည်ကျော်ကျော်သာရှိသေးတဲ့ ခိုင်နှင်းဝေရဲ့ချစ်သမီးလေး ရွှန်းရွှန်းကတော့ မေမေ့ကို တောင် ဓာတ်ပုံတွေ ရိုက်ခိုင်းပြီး အိုက်တင်တွေပေးတတ်နေပါပြီပရိသတ်ကြီးရေ။ ချစ်စရာ ကောင်းတဲ့ သမီးလေးရဲ့အိုက်တင်တွေအောက်မှာ မေမေတစ်ယောက်အမျောကြီးမျောပြီး ကင်မရာချိန်ဖို့သတိမရခင်မှာပဲ သမီးလေးက ပို့စ်တွေ တစ်ခုပြီးတစ်ခုကိုပေးနေတော့ တာပဲ ဖြစ်ပါတယ်။

ချစ်စရာသမီးလေးရဲ့အပြုံးတွေအောက်မှာ မေမေလည်းကြည်နူးပီတိတွေဝေနေခဲ့ပါတယ်။ အတတ် လေးကတော့ မေမေ့ကို ဓာတ်ပုံရိုက်ခိုင်းပြီး ပို့စ်ပေးကြမ်းနေလေရဲ့ပရိသတ်ကြီးရေ။ ဂေဟာကို အလည်သွားရင်လည်း ချစ်ရတဲ့မောင်လေး ညီမလေး တွေနဲ့အတူတူဆော့ကာ ပျော်နေတတ်တဲ့ ချစ်စရာသမီးငယ်လေးပါပဲ။ လည်လွန်းလို့ မေမေတို့ဖွားဖွားတို့ရဲ့အချစ်တွေကို အပိုင်သိမ်းနိုင်သူလေးဖြစ်နေခဲ့တာပေါ့နော်။

ချစ်စရာသမီးလေးက သူမကိုဓာတ်ပုံရိုက်ခိုင်းပြီး ပို့စ်တွေပေးနေတဲ့ ပုံရိပ်လေးတွေကို မေမေခိုင်နှင်းဝေတစ်ယောက် ကြည်နူးစွာနဲ့ ” ကဲ သူ့ ကို ဓါတ်ပုံ ရိုက်ပါတဲ့လေ ဆွံ့အ မိပါတယ် အိုက်တင်တွေကို ကိုယ်ရိုက်ချိန်တောင်မရဘူး ” ဆိုပြီး ရေးသားကာဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်စရာအတတ်လေးရွှန်းရွှန်းတစ်ယောက် ဘယ်လိုတွေပို့စ်ပေးကြမ်းတယ် ဆိုတာ ပုံရိပ်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။

Photo – Khine Hnin Wai
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Khine Hnin Wai
Happy – Cele Zone