သားမိတွေလို့ကိုထင်ရက်စရာမရှိတဲ့ မခိုင်လေးတို့သားမိနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်တွေ

Posted on

အသက်လေးဆယ်ကျော်အရွယ်ထိ နုပျိုမှုတွေပိုင်ဆိုင်ထားတဲ့ မေမေခိုင်သင်းကြည်နဲ့ ချစ်စဖွယ်သမီးလေး စံထိပ်ထားဦး တို့နှစ်ယောက်သား အပြာရောင်ဆင်တူလေးတွေနဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှခဲ့တာပဲဖြစ်ပါ တယ်။ မေမေနဲ့သမီးနှစ်ယောက်လုံးက အရမ်းကိုချစ်ဖို့ကောင်းနေကြတာမို့ နှစ်ယောက်သားကို ညီမတွေလို့တောင် စနောက်ခဲ့ပါသေးတယ်။

တစ်ဦးတည်းသောသမီးလေးကို ပိုးမွေးသလိုမွေးခဲ့ရပြီး အရမ်းကိုချစ်ခင်တဲ့ မေမေခိုင်သင်းကြည်နဲ့ ဘယ်သွားသွားမိခင်နဲ့ အတူတူသွားတတ်ပြီး မေမေ့ကိုအရမ်းချစ်တဲ့ ထိပ်ထိပ်လေးတို့ရဲ့ ဆင်တူပွဲတက်ဝတ်စုံလေးက အရမ်းကိုချစ်ဖို့ကောင်း လွန်းပါတယ်။ မိခင်ဖြစ်သူရဲ့ခြေရာကို အပြည့်အဝနင်းမယ့် သမီးလေးဖြစ်မလားဆိုတာတော့ ပရိသတ်တွေကစောင့်မျှော် နေကြပါတယ်။

သားမိနှစ်ယောက်ရဲ့ဆင်တူပွဲတက်ပုံရိပ်လေးတွေက အရမ်းကိုချစ်ဖို့ကောင်းလွန်းပြီး သားမိလို့ ထင်ရက်စရာမရှိ အောင်ကို နုပျိုလွန်းနေတဲ့မေမေနဲ့ ထိပ်ထိပ်တို့ရဲ့ နှစ်ယောက်တွဲပုံလေးတွေကို ပရိသတ်တွေလည်း အရမ်းကိုသဘောကျ နေခဲ့ပါတယ်။ ချစ်စရာသားမိနှစ်ယောက်ရဲ့ ပုံရိပ်လေး တွေကို မခိုင်လေးက ” အပြာရောင်သားအမိနှစ်ယောက်ကို ချစ်ပေးပါနော် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။

Photo – Khine Thin Kyi / San Htate Htar Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone