ခွေးကျောင်းရင်း ကဲလွန်းတဲ့ခွေးလေးကြောင့် လမ်းမကြီးပေါ် ပြုတ်ကျမတတ် ဖြစ်သွားခဲ့တဲ့ နန်းဆုရဲ့ဗီဒီယို

Posted on

ခွေးလေးတွေဟာလူတွေရဲ့အကောင်းမွန်ဆုံးအဖော်ပါပဲ။ ချစ်ဖို့ကောင်းတဲ့ကလေးလေးတွေကို တော်တော်များများချစ်ကြပြီး နန်းဆုကလည်း ချစ်စရာခွေးလေးတစ်ကောင်ကို မွေးထားခဲ့ပါတယ်။ ခွေးလေးတွေဟာ အပြင်ကိုထွက်ရတဲ့အချိန်မှာ အရမ်းပျော်ပြီး ခုန်ပေါက်မြူးတူးနေတတ်တာ အားလုံးအသိပါပဲနော်။ နန်းဆုရဲ့ခွေးလေးဟာလည်း အပြင်ထွက်ရလို့ပျော်မြူးပြီး သခင်ဆွဲထားတဲ့ ကြိုးကနေ လွတ်မတတ်ကိုခုန်နေခဲ့ပါတယ်။

နန်းဆုတစ်ယောက် ကြိုးကိုဆွဲထားမိတာကြောင့် ခွေးလေးကအရှိန်နဲ့ပြေးတဲ့အချိန်မှာ လမ်းပေါ်ပြုတ်ကျမလိုဖြစ်ခဲ့ပြီး အမြန် ထိုင်ချလိုက်တာကြောင့် သက်သာရာရသွားတယ်လို့ ဆိုနိုင်ပါတယ်နော်။ အကဲလေးကတော့ အပျော်တွေလွန်နေတာ အရမ်းကိုချစ်စရာကောင်းနေပါ တယ်။ နန်းဆုကလည်း ခွေးလေးကိုကျောင်းနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ we love ဂရုထဲမှာ တင်ခဲ့ပါတယ်။

သူမရဲ့ဗီဒီယိုလေးကို ” ခွေးကျောင်းနေသည် ခွေးတစ်ကောင်ကိုမနိုင်သောမိမိအဖြစ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကသွယ်လျလျ နုနုနယ်နယ်လေးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့နော်။ ချစ်စရာကောင်းတဲ့မင်းသမီးလေးနဲ့ သူမရဲ့ချစ်ဖို့ကောင်းတဲ့ ခွေးလေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Vide / Photo – Nan Su Yati Soe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone