မူးယစ်ဆေးနဲ့ပတ်သက်မိပြီး ဘဝပျက်ခဲ့ရတဲ့လူငယ်တွေအတွက် ယူကြုံးမရဖြစ်ပြီး ရင်တွင်းခံစားချက်တစ်ချို့ကို ထုတ်ဖော်ခဲ့တဲ့နေတိုး

Posted on

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ထပ်ဆင့်အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ နေတိုးတစ်ယောက် လက်ရှိမှာရုံတင်ပြသ နေပြီဖြစ်တဲ့ သူ့ရဲ့ဇာတ်ကားနဲ့ပက်သက်ပြီး ခံစားရတဲ့ခံစားချက်တစ်ချို့ကို လူမှုကွန်ယက်မှာဝေမျှခဲ့တာပဲဖြစ်ပါတယ်။ မူးယစ်ကင်းစင်တဲ့နိုင်ငံတော်ကြီးဖြစ်ဖို့ကို တိုင်းသူပြည်သားအားလုံးက လိုလားခဲ့ကြတဲ့အကြောင်းနဲ့ ဒီဇာတ်ကားမှာလည်း ဒီလိုမူးယစ်ဆေး ဖြန့်ဝေသူတွေကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့ကြောင်းကို တခုတ်တရရေးသားထားတာပဲဖြစ်ပါတယ်။

မူးယစ်ဆေးဝါးကြောင့်လူငယ်တွေလမ်းမှားရောက်ပြီးပျက်စီးကြတာတွေကို ကိုယ့်ပတ်ဝန်းကျင်ဖြစ်ဖြစ် တခြားပတ်ဝန်း ကျင်မှာဖြစ်ဖြစ် အားလုံးကြားဖူးကြမှာပါ။ ကိုနေတိုးကတော့ ဒီအကြောင်းအရာနဲ့ပက်သက်ပြီး မူးယစ်နဲ့ပတ္သက်တာ အားလုံးကို သုံးစွဲသူသာမက ဖြန့်ဝေသူတွေကိုပါ ဖမ်းဆီးပြီး ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုသလို ရှင်းလင်းစေချင်တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရင်ဖွင့်ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းလေးကို ” မူးယစ်ဆေးဝါးကြောင့်မိမိပတ်ဝန်းကျင်မှာဆိုးရွားတဲ့ခံစားမှုတွေ အဖြစ် အပျက်မျိုးစုံတွေမြင်ဖူးကြား ဖူးကြမှာပါ အဲဒီမူးယစ်ဆေးဝါးကြောင့် ကိုချစ်ရတဲ့ကို့မိသားစု ညီအကို မောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေကြား ဆိုးရွားတဲ့ခံစားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေ မတတ်သာလို့ဝဋ်ကြွေးတွေရှိခဲ့ရင်ကြေပါစေတော့လို့ ပူဆွေးသောက ကြီးစွာမျက်ရည်တွေနဲ့နေ့တိုင်းဆုတောင်းပေးခဲ့ရတဲ့မိဘတွေအများကြီးရှိကြမှာပါ မိမိနိုင်ငံအတွက် အနာဂတ်မှာအားကိုးအားထားရမဲ့လူငယ်တွေအချိန်မတန်ခင်ဘဝပျက် အသက်ပေး ကြွေလွင့်ခဲ့ရတဲ့လူတွေလဲအများကြီး ရှိခဲ့ပါတယ် အခုလဲရှိနေတုန်းပဲဆိုတာ အားလုံးမြင်နေ ကြားနေရတဲ့အတိုင်းပါပဲ လက်ဝယ်တွေ့ရှိမှု သုံးစွဲမှုပေါင်း များစွာကို ကြိုးစားဖမ်းဆီးနေကြပါတယ်ဆိုပေမဲ့သုံးစွဲသူတွေဆီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲလို့အဖြေရှာရင်း ပိုင်ရှင်မဲ့ ဖြစ်ခဲ့ရတဲ့အခြေအနေတွေကိုမြင်ဖူးကြားဖူးခဲ့ကြလို့ ခံပြင်းဒေါသစိတ်တွေကိုမြိုချခဲ့ရတဲ့အချိန် တွေလဲရှိခဲ့ကြပါတယ် ပြောချင်တာက ဗိုလ်နေတိုးဆိုတဲ့ဇာတ်ကောင်ဟာ ဒီလိုခံစားမှုတွေ ဒီလိုပြဿနာတွေကိုအဖြေရှာဖြေရှင်းဖို့ကြိုးစားရင်း ဘဝကံကြမ္မာအလှည့်အပြောင်းတွေ ကြောင့်အချိန်တစ်ခုကိုပေးဆပ်လိုက်ရပေမဲ့ မာန်မလျှော့ပဲ နောက်ဆုံးမှာတော့ ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဆိုသလိုအားလုံးနဲ့ပူးပေါင်းပြီးအမြစ်ဖြတ်သုတ်သင်ပေးနိုင်ခဲ့ပါတယ် ဒီလို လုပ်လိုက်နိုင်ခဲ့ကြ လို့လဲပရိသတ်ရဲ့ လက်ခုပ်သံတွေကိုလဲအချိန်ကြာကြာကြားခဲ့ရပါတယ် ဒါပေမဲ့ ဒါဟာရုပ်ရှင်ပါ ကျွန်တော်တွေးနေမိတာက ရုပ်ရှင်ကိုရုပ်ရှင်လိုပဲထားလိုက်ကြတော့မှာလား အပြင်မှာရုပ်ရှင်ထဲကလိုတကယ်မဖြစ်နိုင်တော့ဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါ သရုပ်ဆောင်တယောက်အနေနဲ့မိမိဇာတ်ကောင်စရိုက်ကိုအသက်သွင်းပုံဖော်သရုပ်ဆောင်ပြီး
အတတ်နိုင်ဆုံးသုတရသပါဝင်နိုင်တဲ့ဇာတ်လမ်းတွေကိုရွေးချယ်ရိုက်ကူးတင်ဆက်ရုံကလွဲလို့ မတတ်နိုင်ပါ ဒါပေမဲ့ ပြည်သူတွေထဲကပြည်သူတစ်ယောက်အနေနဲ့တော့ရုပ်ရှင်ရုံထဲမှာ ကြားခဲ့ရ တဲ့ပရိသတ်ရဲ့လက်ခုပ်သံတွေလိုမျိုး လက်ခုတ်တီးခွင့်တွေကိုလိုချင်နေမိပါတယ် မူးယစ်ကင်းစင် ပြီးကျမ်းမာပျော်ရွှင်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သရင်း ” ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။

Photo – Nay Toe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” မူးယစ္ေဆးနဲ႔ပတ္သက္မိျပီး ဘဝပ်က္ခဲ့ရတဲ့လူငယ္ေတြအတြက္ ယူၾကံဳးမရျဖစ္ျပီး ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ကို ထုတ္ေဖာ္ခဲ့တဲ့ေနတိုး ”

ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ၿပီး ထပ္ဆင့္အကယ္ဒမီဆုရွင္လည္းျဖစ္တဲ့ ေနတိုးတစ္ေယာက္ လက္ရွိမွာ႐ုံတင္ျပသေနၿပီျဖစ္တဲ့ သူ႔ရဲ႕ဇာတ္ကားနဲ႔ပတ္သက္ၿပီး ခံစားရတဲ့ခံစားခ်က္တစ္ခ်ိဳ႕ကို လူမႈကြန္ယက္မွာေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ မူးယစ္ကင္းစင္တဲ့ ႏိုင္ငံေတာ္ႀကီးျဖစ္ဖို႔ကို တိုင္းသူျပည္သားအားလုံးက လိုလားခဲ့ၾကတဲ့အေၾကာင္းနဲ႔ ဒီဇာတ္ကားမွာလည္း ဒီလိုမူးယစ္ေဆး ျဖန႔္ေဝသူေတြကို အျမစ္ျပတ္ရွင္းလင္းႏိုင္ခဲ့ေၾကာင္းကို တခုတ္တရေရးသားထားတာပဲျဖစ္ပါတယ္။

မူးယစ္ေဆးဝါးေၾကာင့္လူငယ္ေတြလမ္းမွားေရာက္ၿပီးပ်က္စီးၾကတာေတြကို ကိုယ့္ပတ္ဝန္းက်င္ျဖစ္ျဖစ္ တျခားပတ္ဝန္းက်င္မွာ ျဖစ္ျဖစ္ အားလုံးၾကားဖူးၾကမွာပါ။ ကိုေနတိုးကေတာ့ ဒီအေၾကာင္းအရာနဲ႔ပက္သက္ၿပီး မူးယစ္နဲ႔ပက္သက္တာအားလုံးကို သုံးစြဲသူသာမက ျဖန႔္ေဝသူေတြကိုပါ ဖမ္းဆီးၿပီး က်ဴပင္ခုတ္က်ဴငုတ္မက်န္ဆိုသလို ရွင္းလင္းေစခ်င္တဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္မွာရင္ဖြင့္ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

ဒီအေၾကာင္းေလးကို ” မူးယစ္ေဆးဝါးေၾကာင့္မိမိပတ္ဝန္းက်င္မွာဆိုး႐ြားတဲ့ခံစားမႈေတြ အျဖစ္ အပ်က္မ်ိဳးစုံေတြျမင္ဖူးၾကားဖူး ၾကမွာပါ အဲဒီမူးယစ္ေဆးဝါးေၾကာင့္ ကိုခ်စ္ရတဲ့ကို႔မိသားစု ညီအကို ေမာင္ႏွမေတြ သူငယ္ခ်င္းအေပါင္းအသင္းမိတ္ေဆြေတြ ၾကား ဆိုး႐ြားတဲ့ခံစားမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့သူေတြ မတတ္သာလို႔ဝဋ္ေႂကြးေတြရွိခဲ့ရင္ေၾကပါေစေတာ့လို႔ ပူေဆြးေသာက ႀကီးစြာမ်က္ရည္ေတြနဲ႔ေန႔တိုင္းဆုေတာင္းေပးခဲ့ရတဲ့မိဘေတြအမ်ားႀကီးရွိၾကမွာပါ မိမိႏိုင္ငံ အတြက္အနာဂတ္မွာအားကိုး အားထားရမဲ့လူငယ္ေတြအခ်ိန္မတန္ခင္ဘဝပ်က္ အသက္ေပး ေႂကြလြင့္ခဲ့ရတဲ့လူေတြလဲအမ်ားႀကီးရွိခဲ့ပါတယ္ အခုလဲရွိေန တုန္းပဲဆိုတာ အားလုံးျမင္ေန ၾကားေနရတဲ့အတိုင္းပါပဲ လက္ဝယ္ေတြ႕ရွိမႈ သုံးစြဲမႈေပါင္းမ်ားစြာကို ႀကိဳးစားဖမ္းဆီးေနၾကပါ တယ္ဆိုေပမဲ့သုံးစြဲသူေတြဆီကိုဘယ္ကေနဘယ္လိုေရာက္လာတာလဲလို႔အေျဖရွာရင္း ပိုင္ရွင္မဲ့ ျဖစ္ခဲ့ရတဲ့အေျခအေနေတြကို ျမင္ဖူးၾကားဖူးခဲ့ၾကလို႔ ခံျပင္းေဒါသစိတ္ေတြကိုၿမိဳခ်ခဲ့ရတဲ့အခ်ိန္ ေတြလဲရွိခဲ့ၾကပါတယ္ ေျပာခ်င္တာက ဗိုလ္ေနတိုးဆိုတဲ့ ဇာတ္ေကာင္ဟာ ဒီလိုခံစားမႈေတြ ဒီလိုျပႆနာေတြကိုအေျဖရွာေျဖရွင္းဖို႔ႀကိဳးစားရင္း ဘဝကံၾကမၼာအလွည့္အေျပာင္းေတြ ေၾကာင့္အခ်ိန္တစ္ခုကိုေပးဆပ္လိုက္ရေပမဲ့ မာန္မေလွ်ာ့ပဲ ေနာက္ဆုံးမွာေတာ့ က်ဴပင္ခုတ္ က်ဴငုတ္ပါမက်န္ဆိုသလိုအားလုံးနဲ ႔ပူးေပါင္းၿပီးအျမစ္ျဖတ္သုတ္သင္ေပးႏိုင္ခဲ့ပါတယ္ ဒီလို လုပ္လိုက္ႏိုင္ခဲ့ၾကလို႔လဲပရိသတ္ရဲ႕ လက္ခုပ္သံေတြကိုလဲ အခ်ိန္ၾကာၾကာၾကားခဲ့ရပါတယ္ ဒါေပမဲ့ ဒါဟာ႐ုပ္ရွင္ပါ ကြၽန္ေတာ္ေတြးေနမိတာက ႐ုပ္ရွင္ကို႐ုပ္ရွင္လိုပဲထားလိုက္ၾကေတာ့ မွာလား အျပင္မွာ႐ုပ္ရွင္ထဲကလိုတကယ္မျဖစ္ႏိုင္ေတာ့ဘူးလား ဆိုတာ ေမးခြန္းထုတ္စရာပါ သ႐ုပ္ေဆာင္တေယာက္အေနနဲ႔ မိမိဇာတ္ေကာင္စ႐ိုက္ကိုအသက္သြင္းပုံေဖာ္သ႐ုပ္ေဆာင္ၿပီး အတတ္ႏိုင္ဆုံးသုတရသပါဝင္ႏိုင္တဲ့ဇာတ္လမ္းေတြကို ေ႐ြးခ်ယ္ ႐ိုက္ကူးတင္ဆက္႐ုံကလြဲလို႔ မတတ္ႏိုင္ပါ ဒါေပမဲ့ျပည္သူေတြထဲကျပည္သူတစ္ေယာက္အေနနဲ႔ေတာ့ ႐ုပ္ရွင္႐ုံထဲမွာ ၾကားခဲ့ရ တဲ့ပရိသတ္ရဲ႕လက္ခုပ္သံေတြလိုမ်ိဳးလက္ခုတ္တီးခြင့္ေတြကိုလိုခ်င္ေနမိပါတယ္ မူးယစ္ကင္းစင္ ၿပီးက်မ္းမာေပ်ာ္႐ႊင္ေသာ ဘဝေတြကိုပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သရင္း ” ဆိုၿပီးေရးသားထားတာပဲျဖစ္ပါတယ္။

Photo – Nay Toe
Happy – Cele Zone